အဆောက်အဦးပမာဏအရ ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာပြခန်းဖြစ်သော ရှန်ဟိုင်း နက္ခတ်တာရာကြည့်ပြတိုက်ကို ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြတိုက်က ဇူလိုင် ၅ ရက်၌ ကြေညာခဲ့သည်။အကျယ်အဝန်း စတုရန်းမီတာ ၅၈,၆၀၀ ခန့် ရှိသော အဆိုပါ ပြတိုက်သည် တရုတ်နိုင်ငံ (ရှန်ဟိုင်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် Lingang အထူးနယ်မြေတွင် တည်ရှိကြောင်း၊ ယင်းပြတိုက်မှာ ရှန်ဟိုင်း သိပ္ပံနှင့် နည်းပညာပြတိုက်၏ ပြတိုက်ခွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းပြတိုက်၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် WeChat အကောင့်ကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် ဇူလိုင် ၅ ရက်တွင် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြတိုက်အား ဇူလိုင် ၁၈ ရက်တွင် အများပြည်သူအတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြတိုက်တွင် 8K ဘက်စုံမြင်အမိုးခုံး theater တစ်ခုနှင့် ပြခန်းတစ်ခု ပါဝင်ကြောင်း၊ လ၊ အင်္ဂါဂြိုဟ်နှင့် Vesta တို့မှ မျက်နှာပြင်ပေါ်မှအရာများ အပါအဝင် ဥက္ကာခဲ ၇၀ ခန့်အပြင် အိုက်ဆက် နယူတန် (Isaac Newto) ၊ ဂယ်လီလီယို ဂယ်လီလေးရီ (Galileo Galilei) နှင့် ဂျိုဟန်နက် ကပ်ပလာ (Johannes Kepler) တို့၏ မူလလုပ်ငန်းများ အပါအဝင် ရှေးဟောင်းပစ္စည်း စုစည်းမှု ၁၂၀ ကျော်ကိုလည်း ခင်းကျင်းပြသထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)