ယူနန်တွင်COVID-19 ဒေသတွင်းကူးစက်မှုလူနာသစ်(၁၅)ဦးနှင့် ရောဂါလက္ခဏမရှိကူးစက်သူ(၂)ဦး စစ်ဆေးတွေ့ရှိ

2021-07-08 15:48:38 |သတင်းအရင်းအမြစ် xinhua

  ယူနန်ပြည်နယ်ကျန်းမာရေးကော်မတီအဖွဲ့၏ထုတ်ပြန်ချက်အရ ဇူလိုင်လ(၆)ရက်နေ့တစ်ရက်တာအတွင်း ယူနန် တွင် COVID-19ဒေသတွင်းကူးစက်မှုဓာတ်ခွဲအတည်ပြုလူနာသစ်(၁၅)ဦး ((၂)ဦးသည် ဇူလိုင်လ(၅)ရက်နေ့တွင် တွေ့ရှိသော ရောဂါလက္ခဏမရှိကူးစက်သူမှ  ရောဂါဓာတ်ခွဲအတည်ပြုလူနာအဖြစ်သို့ပြောင်းလဲသူဖြစ်သည်)၊ ရောဂါလက္ခဏမရှိ ကူးစက်သူ(၂)ဦးအသစ်တိုးခဲ့သည်။ ပြည်ပမှဝင်ရောက်သော ရောဂါလက္ခဏမရှိ ကူးစက်သူ (၁)ဦးအသစ်တိုးသည်။

  အသစ်တိုးသည့်အတည်ပြုလူနာများထဲမှ (၁၂)ဦးသည်မြန်မာနိုင်ငံသားများဖြစ်ကြပြီး ရောဂါလက္ခဏမရှိ ကူးစက်သူများမှ (၁)ဦးသည် မြန်မာနိုင်ငံသားဖြစ်သည်။

  အထက်ပါလူပုဂ္ဂိုလ်များသည် ရွှေလီမြို့ရှိလူအားလုံးနျူကလိအက်ဆစ်စမ်းသပ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လူနာများ အားNegative pressure လူနာတင်ယာဉ်ဖြင့် သတ်မှတ်သည့် ဆေးဝါးကုသဆေးရုံသို့ ချက်ချင်းပို့ဆောင်ပြီး သီးသန့်နေထိုင်ရောဂါကုသမှုလုပ်ဆောင်ပေးခဲ့သည်။

  ဗီဇအစဉ်စစ်ဆေးမှုအရှိန်ကို မြှင့်တင်ရန်အတွက် ယူနန်ပြည်နယ်‌ရောဂါကာကွယ်ရေးစင်တာသည် ဗီဇအစဉ်စစ် ဆေးစက်ကိရိယာတစ်ခုကို ရွှေလီသို့ အရေးပေါ်သယ်ယူပို့ဆောင်ပေးခဲ့သည်။ ယာယီဗီဇအစဉ်စစ်ဆေးရေး ဓာတ်ခွဲခန်းကို တည်ဆောက်ပြီး ကျွမ်းကျင်နည်းပညာရှင်များမှ စစ်ဆေးတွေ့ရှိသော ဓာတ်ခွဲအတည်ပြုနမူနာ များအပေါ် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇအစဉ်ကို စစ်ဆေးခဲ့သည်။ ယခု နမူနာ(၇)ခုအပေါ် မျိုးဗီဇအစဉ်စစ်ဆေးခဲ့ရာ ဗီဇအစဉ်သည် ဒယ်လ်တာ(Delta) ဗီဇပြောင်းဗိုင်းရပ်စ်နှင့် မြင့်မားသောအရင်းအမြစ်တူညီမှုရှိ သည်ကိုတွေ့ရ သည်။ အိမ်နီးချင်းနိုင်ငံတွင်ကူးစက် ပြန့်ပွားနေသော ဗိုင်းရပ်စ်နှင့်မြင့်မားသောအရင်းအမြစ်တူညီမှုရှိနေသည်။