နယ်စပ်အကောက်ခွန်မှ လုပ်ငန်းပေါင်း(၁၄၄)ခုအား တရုတ်နိုင်ငံသို့တင်သွင်းမှု ယာယီပိတ်ပင်ထား

2021-07-09 16:54:33 |သတင်းအရင်းအမြစ် xinhua

  ယခုနှစ်ပထမနှစ်ဝက်တွင် တရုတ်တစ်နိုင်ငံလုံးရှိ အကောက်ခွန်ဌာနများမှ နယ်စပ်စစ်ဆေးကြီးကြပ်အုပ်ချုပ်ရေး ကဏ္ဍတွင် အရည်အသွေးမပြည့်မီသော လုံခြုံရေးနှင့် ကျန်းမာရေး စီမံကိန်းများနှင့် ပြည်တွင်းသို့ဝင်ရောက် ခွင့်မပြုသော စားသောက်ကုန်၊ အလှကုန်ပေါင်း(၁၀၇၀) စစ်ဆေး တွေ့ရှိခဲ့ကြောင်း နယ်စပ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးမှ ယနေ့ထုတ်ပြန်ခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ အကောက်ခွန်ဌာနအနေဖြင့် ဝန်ထမ်းအုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သည့် လုပ်ငန်းပေါင်း(၁၄၄)ခုအား ယာယီ ပိတ်ပင်လိုက်သည်။ အရည်အသွေးမပြည့်မီသော စားသောက်ကုန်များ ပြည်တွင်းသို့ ဝင်ရောက်ခွင့်မပြုရန် တင်းကျပ်စွာ တားဆီးထားသည်။ ထို့ပြင် ပထမနှစ်ဝက်အတွင်း တစ်နိုင်ငံလုံးရှိ အကောက်ခွန်ဌာနသည် အအေးကွင်းဆက်စားသောက်ကုန်၊ တိရစ္ဆာန်နှင့်အပင်ထွက်ကုန်ပေါင်း(၁.၀၉၈၇)သန်းခု၏ ဓာတ်ခွဲနမူနာများအား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ နယ်စပ်ဂိတ်ကဏ္ဍတွင် အအေးကွင်းဆက်စားသောက်ကုန်ပေါင်း (၂၇.၁၁၄၄)သန်းခုအား ကြိုတင်ပိုးသတ်မှု ပြုလုပ်နိုင်ခဲ့သည်။

  ပုံ၊ ဆင်ဟွာသတင်းဌာန သတင်းထောက် Xie xiyao