ဇူလိုင်လ ၄ ရက်နေ့က COP15 “ယူနန်အနောက်ပိုင်း၏ လျှို့ဝှက်နယ်မြေတွင် ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲများ မီဒီယာလေ့လာရေးခရီးစဉ်”၏ တရုတ်နိုင်ငံမှ မီဒီယာသတင်းထောက်များသည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ Phayre’s langur ကျက်စားရာနေရာကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြပါသည်။
Phayre’s langur သည် တရုတ်နိုင်ငံ နိုင်ငံတော်ပထမအဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန်ဖြစ်ပြီး မျက်လုံးကြီးကြီးနှင့် မီးခိုးရောင်အမွေး ရှိပါသည်။ သူတို့ မွေးဖွားပြီးစ သုံးလထဲတွင် ဆံပင်နှင့်အမွေးတို့သည် ရွှေဝါရောင်ဖြစ်ပြီး တဖြည်းဖြည်းချင်းနှင့် မီးခိုးရောင် ပြောင်းလဲလာပါသည်။
၎င်းရှားပါးသော တိရစ္ဆာန်ကာကွယ်ပေးရန်အတွက် တယ်ဟုန်ပြည်နယ်ခွဲသည် ကျွမ်းကျင်ကင်းလှည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် ရှယ်ကန်ကျေးရွာအုပ်စု ရွှေကျင်ရွာနှင့် မန်စီမြို့နယ် ဟော်ရှန်ချန် Phayre’s langur ကျက်စားရာနေရာတွင် အင်တာနက် HD ကင်မရာ၊ အပူပုံရိပ် dual-spectrum အင်တာနက် PTZ ကင်မရာ၊ “တယ်ဟုန်ပြည်နယ်ခွဲ တောရိုင်းတိရစ္ဆာန် စမတ်အွန်လိုင်းကြည့်ရှုလေ့လာရေး”လုံခြုံရေးကင်မရာ စသည်တို့ တပ်ဆင်ထားပါသည်။
Phayre’s langur ကာကွယ်ရေးအတွက် အများပြည်သူတို့သည် ကာကွယ်ရေးလှုပ်ရှားမှုကိုလည်း အသီးသီး ပါဝင်လာကြပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များသည် ယူနန်ပြည်နယ် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖောင်းဒေးရှင်းနှင့်အတူ မန်ရှင်ဟော်ပရဟိတ ကာကွယ်ရေးနယ်မြေကို ထူထောင်လိုက်ကာ Phayre’s langur ကျက်စားရာနေရာကို အတူကာကွယ်ကြပါသည်။
(ပုံ၊ Zheng Shanhong)