(၁၅.၈)ရာခိုင်နှုန်း--၂၀၂၀ ပြည့်နှစ်တွင် တရုတ်သည် ကမ္ဘာပေါ်၌ အရေးအကြီးဆုံး စက်ယန္တရားပစ္စည်းများ ထောက်ပံ့ ပေးသူ ဖြစ်လာသည်ဟု ဂျာမဏီ မီဒီယာ ဆို

2021-07-12 17:50:59 |သတင်းအရင်းအမြစ် CRI

၂၀၂၀ပြည့်နှစ် တစ်ကမ္ဘာလုံးတွင် စက်ယန္တရားပစ္စည်း၏ နိုင်ငံခြားကုန်သွယ်ရေး စုစုပေါင်း ပမာဏမှာ ယူရိုငွေ ဘီလီယံ (၁၀၅၀)ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်း ကြောင့် ဤဂဏန်းသည် ၂၀၁၉ ခုနှစ်ကထက် (၁၀)ရာခိုင်နှုန်းနီးပါး လျော့နည်းလာကြောင်း၊ ၎င်းရောင်းချမှု ပမာဏအနက် တရုတ် နိုင်ငံသည် (၁၅.၈)ရာခိုင်နှုန်းရှိပြီး ဂျာမဏီကမူ (၁၅.၅)ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်နိုင်ငံသည် စက်ယန္တရားပစ္စည်း ထုတ်လုပ်မှု နယ်ပယ်ဆိုင်ရာ နိုင်ငံခြားကုန်သွယ်ရေး စာရင်းတွင် ရှေ့တန်းနေရာ၌ တည်ရှိနေသည်ဟု အဓိပ္ပါယ်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်က ဂျာမဏီဖြန့်ဖြူးရောင်းချဖက်သည် တရုတ်ပြိုင်ဘက်ထက် (၁.၄)ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ကြောင်း၊ ဂျာမဏီ “ကမ္ဘာ့သတင်းစာ” ဝက်ဆိုက်မှ မကြာခင်က ထုတ်ပြန်ခဲ့ပါသည်။