“အာကာသဆန်”၏ လကမ္ဘာခရီးစဉ်မှ ရလဒ်များစွာ ။ ။ တရုတ်နိုင်ငံ၏ မူရင်းဆန်းသစ်တီထွင်မှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်

2021-07-13 16:32:53 |သတင်းအရင်းအမြစ် 央视新闻客户端

ဇူလိုင်လ(၉)ရက်နေ့ ဟွာနန်စိုက်ပျိုးရေးတက္ကသိုလ် သင်ကြားရေးနှင့် သုတေသနအခြေစိုက်စခန်း၏ လယ်ကွင်း ထဲတွင် ချန်အော်အမှတ်(၅) လကမ္ဘာခရီးစဉ်လိုက်ပါစီးနင်းခဲ့သော “အာကာသဆန်”၏ စပါးရိတ်သိမ်းကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။

လွန်ခဲ့သော(၈)လက အလေးချိန်(၄၀)ဂရမ်ရှိသော စပါးမျိုးစေ့များသည် ချန်အော်အမှတ်(၅) အာကာသယာဉ်နှင့် အတူ အချိန်(၂၃)ရက်ကြာမြင့်သော လကမ္ဘာလှည့်ခရီးစဉ်ကို စတင်ခဲ့သည်။ နက်ရှိုင်းသော အာကာသ ပတ်ဝန်းကျင်အတွင်းရှိ နေရောင်ခြည်များခံယူပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ကွမ်တုံးပြည်နယ်တွင် “အခြေချ”ခဲ့သည်။ လပိုင်းခန့် ပျိုးထောင်ခြင်း၊ အစားထိုးစိုက်ပျိုးခြင်းနှင့် အခြားသော လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးနောက် “အာကာသဆန်”သည် ဟွာနန်စိုက်ပျိုးရေးတက္ကသိုလ် သင်ကြားရေးနှင့် သုတေသန အခြေစိုက်စခန်းတွင် စပါးစေ့အဖြစ်ကြီးထွားခဲ့သည်။ ဟွာနန်စိုက်ပျိုးရေးတက္ကသိုလ် အမျိုးသား ရုက္ခဗေဒ အာကာသစိုက်ပျိုးရေးနည်းပညာ သုတေသနစင်တာမှ သုတေသနပညာရှင်များနှင့် ဝန်ထမ်းများက အဆိုပါ ကြီးထွားလာသော ဆန်နမူနာကို ရိတ်သိမ်းခဲ့ပြီး ပထမဆုံးအကြိမ် စိုက်ပျိုးရေး အောင်မြင်စွာပြီးဆုံးခဲ့သည်။

လာမည့်ဆောင်းဦးရာသီတွင် အဆိုပါ “အာကာသဆန်”၏ နောက်မျိုးဆက်မျိုးစေ့အား ဓာတ်ခွဲခန်းအတွင်း ပြုစုပျိုးထောင်မည်ဖြစ်သည်။ လာမည့်နှစ်ပိုင်းတွင် ကွမ်တုံးပြည်နယ်၏ လယ်ယာမြေပေါ်တွင် မျိုးစပ်သစ်များ အဆင့်ဆင့် ပြုစုပျိုးထောင်နိုင်မည်ဖြစ်ပြီး အရည်အသွေးမြှင့်တင်ကာ တရုတ်နိုင်ငံ၏ မူလဆန်းသစ်တီထွင်သော ဆန်စပါးမျိုးစေ့အသစ်အဖြစ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကျွမ်းကျင်ပညာရှင်များ၏ မိတ်ဆက်ပြောဆိုခြင်းအရ အာကာသယာဉ်စီးနင်းထားသော အာကာသဆန်သည် သုတေသနတန်ဖိုး အထူးမြင့်မားသည်။ ကမ္ဘာမြေပေါ်ရှိ သာမန်မျိုးစေ့များကို နက်ရှိုင်းသော အာကာသအတွင်းသို့ ရောက်ရှိပြီးနောက် ကမ္ဘာမြေပေါ်တွင် ပြန်လည်ရောက်ရှိ ပြုစုပျိုးထောင်ခြင်း၊ စမ်းသပ်ခံခြင်းသည် အရည်အသွေး မြင့် စိုက်ပျိုးသီးနှံမျိုးစေ့သစ်အဖြစ် ပြုစုပျိုးထောင်နိုင်ကြောင်း မှတ်သားရသည်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင် အစားအစာ၊ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်စသည့် အမျိုးပေါင်းရာ ကျော်သော အာကာသ မျိုးစိတ်များစွာကို မွေးမြူနိုင်ခဲ့ပြီးဖြစ်သည်။