ဇူလိုင်လ(၁၃)ရက်နေ့တွင် “ပျောက်နေသော မိဘမဲ့ကလေး” ရုပ်ရှင်မှ ပြန်ပေးဆွဲခံရသော ကလေးအစစ်ဖြစ်သူ ကော်ရှင်းကျိမ်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။ တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် သံသယရှိသူ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦးကိုလည်း ဖမ်းဆီးထားသည်။
၁၉၉၇ ခုနှစ်တွင် ကော်ကောင်းထောင်၏ (၂)နှစ်သားကလေး ကော်ရှင်းကျိမ်သည် ပြန်ပေးဆွဲခံခဲ့ရသည်။ (၂၄)နှစ်တာကာလအတွင်း ကော်ကောင်းထောင်သည် သူ၏သားကိုရှာရန် တရုတ်နိုင်ငံရှိ ကီလိုမီတာ ထောင်ပေါင်းများစွာကို မော်တော်ဆိုင်ကယ်စီးကာ သွားရောက်ရှာဖွေခဲ့သည်။
ဇူလိုင်လ(၁၁)ရက်နေ့တွင် ကော်ရှင်းကျိမ်မိသားစုအတွက် ပြန်လည်ဆုံဆည်းရေးအထိမ်းအမှတ် အခမ်းအနားကို တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကျင်းပပေးခဲ့ပြီး (၂၄)နှစ်တာကွဲကွာနေသော မိသားစု ပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ “ပျောက်နေသော မိဘမဲ့ကလေး”ရုပ်ရှင်မှ ဇာတ်ဆောင်ဖြစ်သော လျိုတယ်ဟွာက သတင်းရရှိပြီးနောက် မိမိ၏စိတ်ခံစားချက်ကို ထုတ်ဖော်ပြောဆိုထားသော ဗွီဒီယိုဖိုင်ကို အထူးမှတ်တမ်းတင် ရိုက်ကူးခဲ့သေးသည်။