ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာအရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေဆယ်ပုံတစ်ပုံခန့်သည် အဟာရချို့တဲ့ခဲ့

2021-07-15 11:39:14 |သတင်းအရင်းအမြစ် 新华网

နယူးရောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှ ဇူလိုင်လ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည့် “ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရအခြေအနေ”အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်သည် အာဟာရချို့တဲ့သည့် အခက်အခဲကို ကြုံတွေ့ခဲ့ကြောင်း သိရသည်။ ၎င်းအနက် အာရှတိုက်မှ အာဟာရချို့တဲ့သည့် အခက်အခဲကြုံတွေ့သူဦးရေသည် (၄၁၈)သန်းရှိပြီး အာဖရိကတိုက်တွင် (၂၈၂)သန်း ရှိသည်။

အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ လူဦးရေ(၂.၄)ဘီလီယံသည် အာဟာရပြည့်ဝသော အစား အသောက် မရရှိနိုင်သည်ကို ဖော်ပြထားပြီး ယခင်နှစ်ကထက် သန်း(၃၂၀) တိုးလာခဲ့သည်။

ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် စီးပွား‌ရေးကျဆင်းမှု စသည့်အကြောင်းရင်းများ‌ကြောင့် တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။ တစ်ကမ္ဘာလုံး၏ ငါးပုံတစ်ပုံသော က‌လေးငယ် များသည် အာဟာရချို့တဲ့လျက်ရှိသည်။ အချိန်ကြာငတ်မွတ်ခေါင်းပါးမှုကြောင့် ထိခိုက်သည့်လူဦးရေသည် ၂၀၂၀ ခုနှစ်၌ တိုးမြင့်သည့်အရေအတွက်မှာ ယခင်(၅)နှစ်၏ စုစုပေါင်းအရေအတွက်ကို ကျော်လွန်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် လူဦးရေ (၁၆၁)သန်းတိုးလာခဲ့သည်။