ရှီကျင့်ဖိန်သည် ယူကရိန်းသမ္မတနှင့် တယ်လီဖုန်း ဆက်သွယ်

2021-07-15 11:40:29 |သတင်းအရင်းအမြစ် CRI

ဇူလိုင်လ ၁၃ ရက်နေ့ ညက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ယူကရိန်းသမ္မတ Zelensky နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နှင့်ယူကရိန်းအကြား မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိသည့် ၁၀ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံမှုသည် ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်လာပါကြောင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ်များ ရရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသည့် အကျိူးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်မှစ၍ နှစ်ဖက်တို့သည် ကိုဗစ်-၁၉ ကို လက်တွဲ တိုက်ဖျက်ပြီး ကာကွယ်ဆေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်မှုကို နက်ရှိုင်းလာစေကြောင်း၊ လာမည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိသည့် နှစ် ၃၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ်ထားကာ နှစ်နိုင်ငံ ဆက်ဆံရေးကို တက်ကြွစွာ တွန်းအားပေးပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပိုမို ကောင်းမွန်စွာ ဖေါ်ဆောင်ရန် ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။