တရုတ်-မြန်မာနယ်စပ် လုံချွမ်းခရိုင်နောက်ဆုံး နျူကလိအက်ဆစ်စစ်ဆေးရာအဖြစ် ရလဒ်အားလုံးမှာ negative ဖြစ်သည်

2021-07-16 17:40:09 |သတင်းအရင်းအမြစ် 云南发布

ဇူလိုင်လ(၁၄)ရက်နေ့တွင် လုံချွမ်းခရိုင်မှ အဓိကလူအုပ်စုများအား ပုံမှန် နျူကလိအက်ဆစ် စစ်ဆေးမှု နှင့် ဖျားနာကုဆေးခန်း နျူကလိအက်ဆစ် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အတည်ပြုလူနာ(၃)ဦး တွေ့ရှိခဲ့သည်။ ထိုသူများကို Negative pressure လူနာတင်ယာဉ်ဖြင့် သတ်မှတ်ထားသည့် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပြီး သီးသန့်နေထိုင်ရောဂါကုသမှု လုပ်ဆောင်ပေးခဲ့သည်။ ရောဂါကူးစက်‌မှုသမိုင်း၊ လက်တွေ့အခြေအနေ ဖော်ပြမှုနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။

ရောဂါဖြစ်ပွားမှုအစီရင်ခံစာရရှိပြီးနောက် လုံချွမ်းခရိုင်သည် ရောဂါကာကွယ်ရေး အရေးပေါ် ထိန်းချုပ်မှုအစီအစဉ်ကို စတင်ခဲ့သည်။ ဓာတ်ခွဲအတည်ပြုလူနာများ နေထိုင်သည့်နေရာကို အလုံးစုံ ပိုးသတ်မှုလုပ်ဆောင်ခဲ့သည်။ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကျန်းမာရေး စသည့်ဌာနများသည် ပူးပေါင်းညှိနှိုင်းမှုများ ချက်ချင်း လုပ်ဆောင်ခဲ့သည်။ လူနာသွားလာနေထိုင်ခဲ့သည့် လမ်းကြောင်း များကို ခြေရာခံစစ်ဆေးပြီး သက်ဆိုင်ရာ ဆက်စပ်နယ်မြေများအား ပိတ်ပင်မှုထိန်းချုပ်ရေးကို လုပ် ဆောင်ခဲ့သည်။ ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၈)နာရီအထိ နီးစပ်စွာဆက်ဆံသူနှင့် ဒုတိယအဆင့် နီးစပ်စွာဆက်ဆံသူစုစုပေါင်း (၃၈၃)ဦးကို စစ်ဆေးခဲ့ပြီး အားလုံးကို သီးသန့်နေထိုင်ရာကွာရန် တင်းစင်တာသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ လုံချွမ်းခရိုင်သည် လုံချွမ်းမှ ထွက်ခွာ လမ်းကြောင်း များအားလုံးကို ယာယီပိတ်ပင်လိုက်သည်။ အရေးအ‌ကြောင်းမရှိပါက လုံချွမ်းမှ ထွက်ခွာခွင့်မပြုခဲ့ပါ။ လုံချွမ်းခရိုင်မြို့တစ်ခုလုံး၊ အဓိကတင်းကျပ် အုပ်ချုပ်သည့်နယ်မြေတွင် နေထိုင်သည့်ပြည်သူများအား နေအိမ်တွင်နေထိုင်ရန် လုပ်ဆောင်ခဲ့သည်။ ရောဂါဖြစ်ပွားပြီးနောက် ပထမအကြိမ် နျူကလိ အက်ဆစ်စစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။ ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀) နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၅၄၀၇၂)ခု စစ်ဆေးခဲ့ရာ အားလုံးစစ်ဆေးပြီးစီးခဲ့ပြီး စစ်ဆေးမှု ရလဒ်မှာ negative ဖြစ် ကြောင်း သိရသည်။