(၁၉) ရက်နေ့ယူနန်တွင် ဒေသခံCOVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၈)ဦး၊ ပြည်ပမှဝင်ရောက်ဓာတ်ခွဲအတည်ပြုလူနာ(၄၁)ဦးစစ်ဆေးတွေ့ရှိ

2021-07-21 09:37:36 |သတင်းအရင်းအမြစ် 央视网

“ယူနန်ကျန်းမာရေးကော်မတီ” wechat public accountသတင်းအရ ဇူလိုင်လ(၁၉)ရက်နေ့ ယူနန်ပြည်နယ်တွင် ဒေသခံCOVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၈)ဦး၊ ဒေသခံCOVID-19ရောဂါလက္ခဏမရှိကူးစက်သူ(၁)ဦး၊ ပြည်ပမှဝင်ရောက်ဓာတ်ခွဲအတည်ပြုလူနာ(၄၁)ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ ဓာတ်ခွဲအတည်ပြုလူနာကုသပြီး ရောဂါ ပျောက်ကင်းဆေးရုံဆင်းလူနာ(၄)ဦးရှိသည်။

ဇူလိုင်လ(၁၉)ရက်နေ့(၂၄)နာရီအထိ ယူနန်ပြည်နယ်တွင် စုစုပေါင်းCOVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၂၅၉) ဦး(ဒေသခံ(၈၀)ဦး၊ ပြည်ပမှဝင်ရောက်သူ(၁၇၉)ဦး)၊ ရောဂါလက္ခဏမရှိကူးစက်သူ(၂၇)ဦး(ဒေသခံ(၂)ဦး၊ ပြည်ပမှ ဝင်ရောက်သူ(၂၅)ဦး)ရှိပါသည်။ သတ်မှတ်ထားသည့်ဆေးကုသနေရာများတွင် သီးခြားဆေးကုသမှုနှင့် ဆေးဘက် ဆိုင်ရာလေ့လာမှုများလုပ်ဆောင်နေလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွင် တရုတ်နိုင်ငံသား(၆)ဦး၊ မြန်မာနိုင်ငံသား(၂)ဦးပါဝင်သည်။ အသစ်တိုးသည့်ရောဂါ လက္ခဏမရှိကူးစက်သူသည် အသက်(၁)နှစ်ရှိသောမြန်မာနိုင်ငံသားဖြစ်ပါသည်။ ပြည်ပမှဝင်ရောက်သည့် ဓာတ်ခွဲ အတည်ပြုလူနာ(၄၁)ဦးသည် ယခုရက်ပိုင်း မြန်မာနိုင်ငံမှ ပြန်လာသည့် တရုတ်နိုင်ငံသားများဖြစ်ကြပါသည်။