တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ တိုက်ဖျက်ရေး ပံ့ပိုးရန် နိုင်ငံနှင့် ဒေသ ၂၀၀ ကျော်ထံ COVID-19 ကာကွယ်ဆေး သန်း ၆၀၀ ကျော် ပံ့ပိုးပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် နိုင်ငံနှင့် ဒေသများသို့ နှာခေါင်းစည်း အခုရေ ဘီလီယံ ၃၀၀ ကျော်၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ ၃.၇ ဘီလီယံကျော်နှင့် ရောဂါစမ်းသပ်ပစ္စည်း ၄.၈ ဘီလီယံကျော်တို့အား ပေးအပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ Li Xingqian က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
တရုတ်နိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကြားမှ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် အခြားသော ထုတ်ကုန်များအား ကမ္ဘာသို့ ပံ့ပိုးရန် အလျင်အမြန် ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများ၌ ကူညီလျက်ရှိကြောင်း Li က ဆိုသည်။ (Xinhua)