တရုတ်နိုင်ငံ နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးတွေ့ရှိ

2021-07-23 18:09:13 |သတင်းအရင်းအမြစ် 新华网

ဇူလိုင်လ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ထမ်းများ အား ပုံမှန် နျူကလိအက်စ်ဆစ်ဓာတ်ခွဲစစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦး ရှိပြီး ၎င်းတို့သည် လေဆိပ်သန့်ရှင်းရေးဝန်ထမ်းများ ဖြစ်ကြသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းထိ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရောဂါပိုး တွေ့ရှိသူ ၁၇ ဦးရှိပြီး ယခုအချိန်ထိ ၎င်းကိုဗစ်ကူးစက်ပျံ့နှံ့မှုသည် ပြည်နယ် ၄ ခု၏ မြို့ပြ ၅ ခုကို ပျံ့နှံ့ခဲ့ကာ ကူးစက်ခံရသူ ၄၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။