တရုတ်နိုင်ငံဝူဟန့် ဇီဝလုံခြုံရေး အဆင့် ၄ စမ်းသပ်ခန်းစတင်အသုံးပြုကတည်းက ဗိုင်းရပ်စ် ယိုစိမ့်ခြင်းကိစ္စ လုံးဝမဖြစ်ခဲ့

2021-07-23 18:10:05 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီ ဒုဥက္ကဋ္ဌ မစ္စတာ ကျင်းရိရှင်း( Zeng Yi xin) သည် ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဝူဟန့် ဗိုင်းရပ်စ် သုတေသနလေ့လာရေးဌာနက စမ်းသပ်ခြင်းဆိုင်ရာလုပ်ငန်းစဥ်ကို ဖောက်ဖျက်ပြီး ဗိုင်းရပ်စ်သည် ပြင်ပသို့ ယိုစိမ့်စေခဲ့သည်ဟူသော ကောလာဟလပြောဆိုချက်နှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါသည်။ “ဒီပြောဆိုချက်ကို ကြားရတဲ့အတွက် အရမ်းအံ့အားသင့်မိပါတယ်။ သိပ္ပံနည်းပညာနဲ့လည်း ဆန့်ကျင်နေပါတယ်”ဟု သူက ပြောဆိုခဲ့ပါသည်။ တရုတ်နိုင်ငံတော်သိပ္ပံနှင့်နည်းပညာအကယ်ဒမီ ဇီဝလုံခြုံရေးစမ်းသပ်ခန်း တာဝန်ခံ၊ ဝူဟန့် ဗိုင်းရပ်စ် သုတေသနလေ့လာရေးဌာန သုတေသီပညာရှင် မစ္စတာ ယွမ်ကြည့်မင် (Yuan Zhi ming)ကလည်း ဝူဟန့် ဇီဝလုံခြုံရေး အဆင့် ၄ စမ်းသပ်ခန်း (Bio-Safety Level 4 Lab)က ကာကွယ်ရေးအဆင့်အမြင့်ဆုံးရှိသည့် စမ်းသပ်ခန်း အနေဖြင့် ၂၀၁၈ ခုနှစ် စတင်အသုံးပြုကတည်းက ဗိုင်းရပ်စ် ယိုစိမ့်ခြင်းကိစ္စ လုံးဝမဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။