မည်သည့်အနိုင်ကျင့်အရေးယူမှုမျိုးမဆို ပြင်းထန်သောတန်ပြန်အစီအမံများဖြင့် ကြုံတွေ့ရ မည်ဟု တရုတ်နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက်တွင် ပြောကြား လိုက်သည်။အမေရိကန်နိုင်ငံမှ လူပုဂ္ဂိုလ် ၆ ဦး နှင့် အဖွဲ့ အစည်းတစ်ခုအပေါ် အပြန် အလှန်အရေးယူမှုများ ချမှတ်လိုက်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ် ချက်အား ပြတ်ပြတ်သားသား ထောက်ခံကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးအတွက် ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင် နှင့် ပတ်သက်သည့် ကိစ္စရပ်များအား အချက်အလက်များ လုပ်ကြံပြောဆို ခြင်း နှင့် ကောလာဟလများ ဖြန့်ဝေခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကို ထိခိုက်နေကြောင်း နှင့် တရုတ်နိုင်ငံ၏ ပြည်ပအရေးယူပိတ်ဆို့မှု ဆန့်ကျင်တိုက်ဖျက် ရေးဥပဒေအရ တာဝန်ခံမှု နှင့်အရေးယူ အပြစ်ပေးမှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အခြားမည်သည့်နိုင်ငံမှ လူပုဂ္ဂိုလ်များအပေါ် အနိုင်ကျင့်ခြင်း ၊ ဖိနှိပ် ခြင်း သို့မဟုတ် လက်အောက်ခံပြုခြင်းကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ကြောင်း နှင့် ၎င်း အပေါ် ထိုကဲ့သို့ သော လုပ်ဆောင်ချက်များကိုလည်း မည်သည့်အခါမျှ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)