ဇူလိုင်လ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ထမ်း များအား ပုံမှန် နျူကလိအက်ဆစ်ဓာတ်ခွဲစစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦးရှိပြီး ၎င်းတို့သည် လေဆိပ်သန့်ရှင်းရေးဝန်ထမ်းများ ဖြစ်ကြသည်။
ဇူလိုင်လ ၂၆ ရက်နေ့အထိ၊ နန်ကျင်းတစ်မြို့လုံးတွင် ဒေသတွင်းကူးစက်သူအတည်ပြုလူနာ စုစုပေါင်း ၁၀၆ ဦး တွေ့ရှိခဲ့ပါသည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင် ယခုအကြိမ် နန်ကျင်းမြို့တွင် ကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးသည် Delta ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ထို့ပြင်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့သည်လည်း ဇူလိုင်လ ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိပြီးနောက် ယူနန်ပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ ရွှေလျား P2 + စစ်ဆေးရေးကားနှင့် ဝန်ထမ်းများကို ရွှေလီသို့ စေလွှတ်ခဲ့ပါသည်။ ဇူလိုင်လ ၅ ရက်နေ့တွင် ရွှေလီမြို့တွင် ကူးစက်နေသည့် ကိုဗစ်ရောဂါပိုးသည် Delta ဖြစ်သည်ဟု စစ်ဆေးအတည်ပြုခဲ့သည်။ ဇူလိုင်လ ၂၆ ရက်နေ့အထိ၊ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်တွင် လက်ရှိအတည်ပြုလူနာ ၈၈ ဦး၏ နမူနာများအားလုံးကို စစ်ဆေးပြီးစီးခဲ့ရာ အားလုံးသည်လည်း Delta ဖြစ်ကြောင်း သတင်းအရ သိရပါသည်။