ဟောင်ကောင်၏ ပိုင်ဆိုင်မှုနှင့် ဥစ္စာဓန စီမံခန့်ခွဲမှု စီးပွားရေးလုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၁ ရာခိုင်နှုန်း တိုးတက်လာ

2021-07-27 19:19:19 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ပိုင်ဆိုင်မှုနှင့် ဥစ္စာဓန စီမံခန့်ခွဲမှု စီးပွားရေးလုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ယမန်နှစ်ကထက် ၂၁ ရာခိုင်နှုန်းတိုးတက်လာကာ အမေရိကန်ဒေါ်လာ ၄.၅၀၅ ထရီလီယံ ရှိလာကြောင်း သိရသည်။


၂၀၂၀ ပြည့်နှစ်အတွင်း ဟောင်ကောင်၏ ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုကဏ္ဍ၌ ခိုင်မာသော တိုးတက်မှုမှာ တောင့်တင်းသော အသားတင်ရန်ပုံငွေ စီးဝင်မှုမှ ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ဟောင်ကောင် အစုရှယ်ယာများနှင့် ကြိုရောင်း ကြိုဝယ်ကတိစာချုပ်များ ဆိုင်ရာ ကော်မရှင် သတင်းရင်းမြစ်အရ သိရသည်။ (Xinhua)