ခိုင်လုံသောနောက်ဆုံးရသတင်း။ ။ တရုတ်တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်းသန်း(၁၆၀၀)ကျော်ထိုးပြီးဖြစ်သည်

2021-07-30 18:32:31 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီ၏ ဇူလိုင်လ(၂၉)ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်းသန်း(၁၆၀၀)ကျော်ထိုးပြီးဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် နေရာဒေသအသီးသီး၌ ဒေသတွင်းကူးစက် အတည်ပြုလူနာများထွက်ပေါ်လာလျက်ရှိသည်။ Delta ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် ကူးစက်ပြန့်နှံ့အား အလွန် လျင်မြန်သည်။ “ပြင်ပမှဝင်ရောက်မှုကို တားဆီး၊ အတွင်းပိုင်းပြန်လည်ထွက်ပေါ်မှုကို ကာကွယ်”ခြင်းသည် တင်းကျပ်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးပညာရှင်မှ ကာကွယ်ဆေးထိုးရန် တက်ကြွစွာပါဝင်ခြင်း၊ အ‌ဓိကနယ်ပယ်များ ထိန်းချုပ်ကာကွယ်မှု ပိုမိုခိုင်မာလုပ်ဆောင်ခြင်း၊ အများပြည်သူသည် တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများကို ဆက်လက်လုပ်ဆောင်ခြင်းကို အသိပေးပြောကြားခဲ့ပါသည်။