၂၀၂၁ ခုနှစ် တောင်အာရှအရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့်ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ရေးညှိနှိုင်းပွဲ (အောက်တွင် ကုန်သွယ်ရေးညှိနှိုင်းပွဲ ဟုအတိုချုံးခေါ်ဝေါ်မည်) ကို သြဂုတ်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း “လိုင်းပေါ် လိုင်းအောက်၊ နှစ်မျိုးပေါင်းစပ်”သောနည်းလမ်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ယခုအကြိမ်ကုန်သွယ်ညှိနှိုင်းပွဲ၏ လိုင်းအောက် ခင်းကျင်းပြသနေရာမျက်နှာပြင်ဧရိယာသည် (၆.၄)စတုရန်းမီတာခန့် ရှိပြီး စံပြပြခန်း(၃၀၀၀)ခုခန့်ရှိသည်။ အဓိကပြပွဲခန်းမ(၇)ခု တည်ဆောက်ထားမည် ဖြစ်ပြီး အစိမ်းရောင်စွမ်းအင် ပြခန်း၊ အစိမ်းရောင်စားသောက်ကုန်ပြခန်း၊ ကျန်းမာစွာနေထိုင်မှုပြခန်း၊ ပြည်တွင်းပြည်နယ်မြို့ပြခန်း၊ ပြည်ပကုမ္ပဏီများ ပြခန်း၊ ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ရေးပြခန်း၊ ဖွင့်ပွဲအခမ်းအနားနှင့် ပြပွဲကာလအစီအစဉ်ခန်းမ စသည်တို့ ဖြစ်ကြသည်။
အွန်လိုင်းပေါ်တွင် “တောင်ပိုင်းကုန်စည်ပြပွဲဒစ်ဂျစ်တယ်စင်မြင့်”ဖြင့် ပါဝင်ပြသသည့်လုပ်ငန်းများ အတွက် အွန်လိုင်းပေါ်အခမဲ့ပြသခြင်း၊ ကုန်သွယ်ရေးရင်းနှီးမှုညှိနှိုင်းခြင်း၊ အကောက်ခွန်ရှင်းလင်းမှုလွယ်ကူစေခြင်း စသည့် အထွေထွေဝန်ဆောင်မှုများကို ထောက်ပံ့ပေးထားသည်။
ပြပွဲအစီအစဉ်အပိုင်းတွင် ပြည်တွင်းနှင့် ပြည်ပကုန်သည်များ ခွဲထားမည်ဖြစ်သည်။ တရုတ်နိုင်ငံအခြေစိုက် သံအမတ်များ၊ ကောင်စစ်ဝန်အရာရှိများ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံခြားလုပ်ငန်းအဖွဲ့အစည်းကိုယ်စားလှယ်များ စသည့် ပြည်တွင်းတွင်အမြဲနေထိုင်သည့် နိုင်ငံခြားသားများ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်မှ လူပုဂ္ဂိုလ်များသည် အစိမ်းရောင်ကျန်းမာရေးကုတ်၊ အန္တရာယ်နည်းဒေသခရီးသွားကတ်ပြား၊ (၇၂)နာရီအတွင်း Nucleic Acid test Negative ဖြစ်သည့်စမ်းသပ်မှုအစီရင်ခံစာ စသည့်အထောက်အထားများဖြင့် ပြပွဲသို့ ပါဝင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ပြည်ပလူပုဂ္ဂိုလ်များအားလုံးသည် အွန်လိုင်းပေါ်မှပါဝင်ရမည်ဖြစ်သည်။ ပြည်ပမှဝင်ရောက်ပြသသည့် ကုန်ပစ္စည်း(နမူနာ)ကို ရောဂါစစ်ဆေးခြင်းနှင့် Nucleic Acid test စစ်ဆေး အောင်မြင်ပြီးမှသာလျှင် ပြည်တွင်း ကိုယ်စားပြုအဖွဲ့အစည်းများမှ ကိုယ်စားပြုပြသရမည်ဖြစ်သည်။ “ကုန်ပစ္စည်းရောက် လူမရောက်”ခြင်းဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်ကိုဖယ်ရှားသွားမည်ဖြစ်ပါသည်။