မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း၊ အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆောင်ရွက်မည်

2021-08-02 17:28:14 |သတင်းအရင်းအမြစ် 新华网

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ယနေ့ (သြဂုတ်လ ၁ရက်)၌ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ယနေ့(သြဂုတ် ၁ရက်)၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ နိုင်ငံတောတာဝန်များကို ပိုမို၊ လွယ်ကူ၊ လျင်မြန်အောင် ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၏ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံး စသည့်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ဆက်လက်ပြီး တိုင်းဒေသကြီး(သို့) ပြည်နယ်အစိုးရအဖွဲ့များပြင်ဆင်ဖွဲ့စည်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)