တရုတ်နိုင်ငံနေရာအနှံ့တွင် အရေးပေါ်စစ်ဆေးမှုလုပ်ဆောင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုများ အဆက်မပြတ် အဆင့်မြှင့်တင်

2021-08-03 16:01:12 |သတင်းအရင်းအမြစ် 新华网

သြဂုတ်လ(၁)ရက်နေ့တွင် တရုတ်နိုင်ငံဒေသအသီးသီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၅၃)ဦး အသစ်တိုးခဲ့ပြီး ကျန်းစူးတွင်(၃၀)ဦး၊ ဟော်နန်တွင်(၁၂)ဦး၊ ဟူးနန်တွင်(၄)ဦး၊ ယူနန်တွင်(၃)ဦး၊ ဖူကျင့်တွင်(၁)ဦး၊ စန်းတုံးတွင်(၁)ဦး၊ ဟူးပေတွင်(၁)ဦး၊ နင်ရှတွင်(၁)ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင် နန်ကျင်းလုခေါလေဆိပ်မှ စတင်ခဲ့သည့် ရောဂါဆက်တိုက်ကူးစက်ပျံ့နှံ့မှုသည် နိုင်ငံအနှံ့ နေရာများစွာသို့ ပျံ့နှံ့ခဲ့သည်။ ထို့ပြင် ဟော်နန်၊ ဖူကျင့်စသည့်နေရာများတွင်လည်း ကူးစက်ပျံ့နှံ့လျက် ရှိသည်။ ယခုအခါ နေရာဒေသအသီးသီးတွင် အရေးပေါ် စစ်ဆေးမှုလုပ်ဆောင် နေသည်နှင့်အတူ ထိန်းချုပ်မှုလုပ်ဆောင်ချက်များကိုလည်း အဆက်မပြတ် အဆင့်မြှင့်တင်နေပါ သည်။

ရောဂါအခြေအနေသည် နန်ကျင်းလုခေါလေဆိပ်မှဝင်ရောက်ပြီး ထပ်မံကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ် ကြောင်း ယခုအကြိမ်ရောဂါအခြေအနေ၏ ထူးခြားချက်များ တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ သုတေသနပညာရှင် ဖုန်ကျီကျန့်က ပြောသည်။ ဟူနန်ပြည်နယ်ကျန်းကျားကျဲရှုခင်းသာနေရာတွင် ပထမဆုံးတွေ့ရှိသည့်လူနာသည် နန်ကျင်း လုခေါ လေဆိပ်၌ တွေ့ရှိခဲ့သည့် ကူးစက်မှုနှင့် သက်ဆိုင်‌ကြောင်း ကနဦးသုံးသပ်ခဲ့သည်။ ကျန်းကျား ကျဲရှိ ကူးစက်လူနာသည် ခရီးသွားရှုခင်းနှင့် အကြီးစားအဆိုအကဖျော်ဖြေပွဲအစီအစဉ်မှတစ်ဆင့် အခြားသူများထံ ထပ်မံကူးစက်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။