
2021-08-04 18:46:32 |သတင်းအရင်းအမြစ် 人民日报 光明日报 新华网

ယခုရက်ပိုင်းတွင် တိုကျိုမြို့ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပနေဆဲဖြစ်ပြီး များပြားလှသော အားကစားများအား တရုတ်ပြည်၌ အားပေးကြိုဆိုသူအမြောက်အမြားရှိပါသည်။ အိုလံပစ် အားကစား ပြိုင်ပွဲသည် ယှဉ်ပြိုင်ရမည့် ပလက်ဖောင်းတစ်ခုဖြစ်ပြီး ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုတွင် ပါဝင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းနှင့်သက်ဆိုင်ပါသည်။ ယခုအကြိမ် အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပရာတွင် တရုတ်အစိုးရသည် ပြည်သူတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရေး စီမံကိန်း (၂၀၂၁-၂၀၂၅ခုနှစ်)ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံ၌ အားကစား လေ့ကျင့်မှုတွင် ပုံမှန်ပါဝင်သော ဦးရေသည် (၃၈.၅)ရာခိုင်နှုန်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ အများ ပြည်သူသည် နေအိမ်နှင့် (၁၅)မိနစ်မျှ ကွာဝေးသောနေရာ၌ အများသုံး ကိုယ်လက်ကြံ့ခိုင်ရေး ပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် စားပွဲတင်တင်းနစ်၊ ဘော်လီ‌ဘော၊ ကြက်တောင်ရိုက်၊ ရေကူး၊ ဘတ်စကက်ဘောနှင့် ကိုယ်လက်ကြံ့ခိုင်မှုတို့သည် တရုတ်ပြည်သူလူထု ကြိုက်နှစ်သက်သော အားကစား လှုပ်ရှားမှုများ ဖြစ်ပါသည်။ ခြင်းလုံးခတ်ခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားအားကစား ဖြစ်ပါသည်။ အဆွေတို့အနေဖြင့် မည်သည့်အားကစားကို ကြိုက်နှစ်သက်ပါသလဲ။