အာဆီယံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်မှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ထောက်ခံအားပေး

2021-08-05 17:55:08 |သတင်းအရင်းအမြစ် 中国外交部官网 中国驻缅甸大使馆

၂၀၂၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ တက်ရောက်ရာ၌ တရုတ်နိုင်ငံသည် အာဆီယံက ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) Mr. Dato Erywan Yusof ကို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုအား ထောက်ခံအားပေးခဲ့ ကြောင်းသိရသည်။

၎င်းအစည်းအ‌ဝေးတွင် Mr .Wang Yi က အထူးကိုယ်စားလှယ်သည် အာဆီယံနိုင်ငံအသီးသီး၏ ဘုံမျှော်လင့်ချက်ကိုအရင်းခံ၍ လုပ်ဆောင်ရာ၌ ထိရောက်မှုရှိသည့် “အာဆီယံနည်းလမ်း” ကို အသုံးချကာ မြန်မာနိုင်ငံက ရင်ဆိုင်‌နေရသည့်ပြဿနာများဖြေရှင်းရာတွင် ကူညီပေးရန် အကျိုး ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်၍ ယုံကြည်ပါကြောင်း၊ ထိုဖြစ်စဉ်အတွင်း၌ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်းထည့်သွင်း ပြောကြားခဲ့ပါသည်။