သြဂုတ်လ ၄ ရက်နေ့တွင် ရွှေလီမြို့အစိုးရမှ ထုတ်ပြန်သော ပေါ်လစီနှင့် ဆောင်ရွက်ချက်များအရ ဒေသတွင်းနေထိုင်သော အလုပ်လက်မဲ့ ပြည်ပမှ ရွှေ့ပြောင်းအလုပ်သမားများအား စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စက်မှုဇုန်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဦးစားပေး စီစဉ်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ပမှရွှေ့ပြောင်းအလုပ်သမားများ လိုအပ်ချက်ရှိပြီး စည်းကမ်းနှင့်အညီ အလုပ်သမားများ တရားဝင်ခေါ်ယူနိုင်သော လုပ်ငန်းအဖွဲ့များသည် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအရ အရည်အချင်းပြည့်မီသော လူသားအရင်းအမြစ် ဝန်ဆောင်မှုဌာနတို့သည် စည်းရုံးပြီး စေလွှတ်ခန့်ထားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပေါက်ဖော်ကတ်သက်တမ်း ကုန်သွားသည့် ပြည်ပမှရွှေ့ပြောင်းအလုပ်သမားများအတွက် သတ်မှတ်ချက်နှင့်အညီ ပေါက်ဖော်ကတ် လျှောက်ထားပေးမည်ဖြစ်ကြောင်း၊ ထို့နည်းတူ သီးခြားလမ်းကြောင်းဖွင့်လှစ်ကာ အဆိုပါ ပြည်ပမှရွှေ့ပြောင်းအလုပ်သမားများအား စပ်လျဥ်းသော လက်မှတ်များကို လျှောက်ထားပေးမည်ဖြစ်ကြောင်း၊ လျှောက်ထားရမည့်ကန့်သတ်အချိန်မှာ ရုံးတတ်ရက် ၁၅ ရက် မကျော်လွန်ရကြောင်း သိရပါသည်။
လုပ်ငန်းအဖွဲ့များ၏ ဝန်ထုပ်ဝန်ပိုးများအား စနစ်တကျ ဖြေလျော့ရန်၊ လူမှုဖူလုံရေး အာမခံရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ အောင်မြင်စွာ တိုက်ဖျက်နိုင်ရန် ရွှေလီမြို့အစိုးရသည် အိမ်ငှားခ လျှော့ချရေး၊ လုပ်ငန်းအဖွဲ့၏ ဝန်ထုပ်ဝန်ပိုးများ ဖြေလျော့ရေး၊ ဘဏ္ဍာရေး ထောက်ပံ့မှု မြှင့်တင်ရေး၊ ဦးစားပေးအကောက်ခွန်လျှော့ချရေး၊ ပြည်သူတို့၏အသက်မွေးဝမ်းကျောင်း အကူအညီဝန်ဆောင်မှု မြှင့်တင်ရေး စသည့်ကဏ္ဍ ၅ ခုမှ သက်ဆိုင်ရာပေါ်လစီနှင့် ဆောင်ရွက်ချက်များ ထုတ်ပြန်ကြောင်း သိရပါသည်။