သြဂုတ်လ(၂)ရက်နေ့ 《Fortune》မဂ္ဂဇင်းမှထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅၀၀)စာရင်း တွင် ယူနန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက် (အောက်တွင်း ယူနန်ရင်းနှီးမြှုပ်နှံမှုအုပ်စုဟု အတိုချုံး ခေါ်ဝေါ်မည်)ပါဝင်လာခဲ့ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅၀၀)တွင် အဆင့်(၄၇၁)နေရာ၌ရှိသည်။ ၎င်းသည် ယူနန်မှ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅၀၀)အတွင်းသို့ ပထမဆုံးဝင်ရောက်ခဲ့သည့်ကုမ္ပဏီဖြစ်ကြောင်းသိရသည်။
ယူနန်ရင်းနှီးမြှုပ်နှံမှုအုပ်စုသည် ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့ပြီး အဓိကငွေကြေးစီးပွားရေး လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ အခြေခံအဆောက်အဦးလုပ်ငန်း၊ ယဉ်ကျေးမှုအားကစားခရီးသွား လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ကျန်းမာရေးဆေးဝါးကုသမှုလုပ်ငန်း၊ ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစသည့် အဓိကနယ်ပယ်များတွင် ပါဝင်လုပ်ကိုင်ကြောင်း သိရသည်။ ယူနန်ပြည်နယ်ရှိ ပိုင်ဆိုင်မှုအချိုးအစား အကြီးမားဆုံးသော နိုင်ငံပိုင်အထွေထွေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်ပါသည်။ တည်ထောင်ပြီး(၂၄)နှစ်အတွင်း ယူနန်ပြည်နယ် အဓိကစီမံကိန်းတည်ဆောက်ရေးတွင် စုစုပေါင်းတရုတ်ငွေ ယွမ်(၂၄၁၀၀၀)သန်း ရင်းနှီးမြှပ်နှံခဲ့ပြီး စုစုပေါင်း သန်း(၄၇၂၅၀၀)ငွေကြေးထောက်ပံ့မှုရှိကာ တက်ကြွသောလူ့အဖွဲ့အစည်းတွင် ရင်းနှီးမြုပ်နှံမှု ယွမ်(၆၆၇၁၀၀)သန်း ဆွဲဆောင်နိုင်ခဲ့သည်။