ယခုရက်ပိုင်း ယူနန်တောရိုင်းမှိုသည် စျေးကွက်ထဲသို့ များစွာရောက်ရှိလာလျက်ရှိသည်။ တရုတ်နိုင်ငံတွင် တောရိုင်းမှိုအရောင်းအဝယ် အကြီးဆုံးစျေးဖြစ်သည့် ကူမင်းမြို့ မူရွှင်ဟွား တောရိုင်းမှိုစျေးသည် လူစည်ကားလျက်ရှိသည်။ တောရိုင်းမှိုများ အရောင်းအဝယ်ဖြစ်နေသည်နှင့်အတူ မှိုဆေးကြောခြင်း၊ မှိုလှီးခြင်း၊ Live လွှင့်ပြီးမှိုရောင်းခြင်း စသည့်လုပ်ငန်းအသစ်များ ထွက်ပေါ်လာပြီး အလုပ်သမားများအတွက် ဝင်ငွေ လမ်းကြောင်းအသစ်တိုးလာသည်။
မူရွှင်ဟွားစျေးတွင် ရောင်းချနေသော တောရိုင်းမှိုအမျိုးအစား (၂၅၈)မျိုးရှိကြောင်း ကူမင်းမြို့ မူရွှေဟွား တောရိုင်းမှိုစျေးမှ တာဝန်ရှိသူတစ်ဦးက မိတ်ဆက်ပြောကြားပါသည်။
“ကျွန်တော်တစ်ရက်ကို မှို(၅၀)ကီလိုဂရမ်အထက် ဆေးကြောနိုင်ပြီး တစ်ရက်ယွမ်(၂၀၀)ရတယ်” ဟု မှို ဆေးသူ တစ်ဦးက ပြောသည်။ ယခုစျေးထဲတွင် မှိုဆေးဝန်ဆောင်မှုပေးသည့်လုပ်ငန်း(၅)ခုရှိကြောင်း လူ (၂၀၀)ခန့်သည် မှိုဆေးသည့်အလုပ်ကို လုပ်ကိုင်နေကြောင်း ကူမင်းမူရွှင်ဟွားတောရိုင်းမှိုစျေး ဒုတိယမန်နေဂျာ တွမ်ယုံလင်က ပြောသည်။