မြောက်ပိုင်းဒေသမှ တောင်ပိုင်းဒေသသို့ ရောက်ရှိလာပါသည်။
တရုတ်နိုင်ငံ ဒေသအသီးသီးမှ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသို့ ရောက်ရှိလာပါသည်။
သူတို့သည် သဘာဝဂေဟပတ်ဝန်းကျင်ဓာတ်ပုံဆရာများ ဖြစ်ပြီး တရုတ်နိုင်ငံ အောက်ချင်းငှက် တောင်ကြားဒေသသို့ တောရိုင်းငှက်များသွားရောက်ရိုက်ကူးကာ ပိုမိုများပြားလာသော လူသားများသည် ငှက်ထိန်းသိမ်းကာကွယ်ရေးအပေါ် ဘုံသဘောတူချက် ရရှိရန် တူညီသော ရည်မှန်းချက် ပိုင်ဆိုင်ကြပါ သည်။
ဤ“တိရစ္ဆာန်ဘုရင့်နိုင်ငံ”မှာ အခြားသော နာမည်များ ရှိပါသေးသည်။ ၎င်းမှာ “ရှင်သန်လျက်ရှိသော ငှက်ပြတိုက်”၊ “တိရစ္ဆာန်နှင့်အပင်မျိုးဗီဇ ရတနာသိုက်”စသဖြင့် ချီးမြှင့်ခေါ်ဝေါ်ကြပါသည်။ တယ်ဟုန်ပြည်နယ်ခွဲအတွင်း အကဲဖြတ်လေ့လာကာ ရိုက်ကူးခဲ့သည့် ငှက်အမျိုးအစားမှာ ၇၁၆ မျိုးရှိပြီး တရုတ်နိုင်ငံတစ်ပြည်လုံးရှိ ငှက်အမျိုးအစား၏ ၅၀ % ပါဝင်လျက်ရှိပါသည်။
ဇူလိုင်လသည် မိုးရာသီဖြစ်သည်နှင့်အညီ တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင်နှင့် ၇၀ ကီလိုမီတာ ကွာဝေးသော တောင်တန်းပေါ်တွင် တရုတ်နိုင်ငံ ပထမအဆင့် တောရိုင်းကာကွယ်ရေးတိရစ္ဆာန်များ ဖြစ်သည့် အောက်ချင်းငှက်များ ကျက်စားနေထိုင်လျက်ရှိပါသည်။ ထူထပ်သော အပူပိုင်းမိုးသစ်တော၏ နက်ရှိုင်းသောနေရာတွင် တရုတ်နိုင်ငံဒေသအသီးသီးမှ COP15 မီဒီယာအဖွဲ့၏ သတင်းစာဆရာများသည် နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် အစာရှာပြီး အသိုက်သို့ပြန်ရောက်လာကြသော အောက်ချင်းငှက်ကို တွေ့မြင်ခဲ့ပါသည်။
တောတောင်ရေမြေ ဖြတ်ကျော်ကာ သစ်တော၌ ကျက်စားနေထိုင်သော ငှက်များနှင့် တိရစ္ဆာန်များသည် ရင်းနှီးသော ဆက်ဆံရေးရှိကြပါသည်။ ယင်းမှာ စွန်ရှောင်ဟုန် ၇နှစ်တာကာလအတွင်း နေထိုင်မှုဘဝ၏ ပုံမှန်အခြေအနေ ဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း သူက နှစ်ဝက်ခန့်တွင် တောရိုင်းဒေသတွင် ဓာတ်ပုံရိုက်ကူးလေ့ရှိကာ တယ်ဟုန်ပြည်နယ်ခွဲ၏ တောတောင်ရေမြေဒေသအနှံ့ သွားရောက်ကြည့်ရှုခဲ့ပါသည်။
စွန်ရှောင်ဟုန်သည် အလုပ်တာဝန်များစွာ လုပ်ကိုင်နေသော်လည်း သူက သဘာဝဂေဟပတ်ဝန်းကျင် ဓာတ်ပုံဆရာအနေနှင့် အဖြစ်ချင်ဆုံးဖြစ်ပါသည်။ လွန်ခဲ့သော ၇ နှစ်က သူငယ်ချင်း၏ မိတ်ဆက်ချက်အရ သူက ရင်ကျန်းခရိုင်သို့ သွားရောက်ခဲ့ပါသည်။ အချိန် နှစ်ပတ် ဖြတ်ကျော်ကာ တောရိုင်းဒေသတွင် ကင်မရာ၏ရှပ်တာကို အကြိမ်ပေါင်းထောင်ချီနှိပ်ကာ Buceros bicornis ဓာတ်ပုံများစွာ ရိုက်ကူးခဲ့ပါသည်။
စွန်ရှောင်ဟုန် ကဲ့သို့သော လူသား တော်တော်များများ ရှိပါသေးသည်။ သူတို့သည် ကျွမ်းကျင်ပညာရပ်ကို အထူးပြုခြင်း မဟုတ်သော်လည်း မိမိ၏ ဝါသနာဖြင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးကဏ္ဍတွင် ကျွမ်းကျင်သူများ ဖြစ်လာပါသည်။
ကျိန်စန်ဟော်သည် အထက်တန်းကျောင်း တရုတ်စာဆရာတစ်ဦးဖြစ်သော်လည်း တရုတ်နိုင်ငံ၏ အကြီးဆုံး Phayre’s langur မျောက်အုပ်စုကို ရှာဖွေတွေ့ရှိသူဖြစ်နေပါသည်။
ရုပ်မြင်သံကြားဌာန၏ သတင်းထောက် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပန်တင်းရင်က ယူနန်ပြည်နယ် ရင်ကျန်းခရိုင်၏ ငှက်ရှုစားအသင်း၏ တာဝန်ရှိသူဖြစ်လာပါသည်။ အောက်ချင်းငှက်များ ကျက်စား ရှင်သန်သောနေရာရှိနေလျှင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ပေးလျက်ရှိသည် ဟု သတင်းယူသည့်အချိန်တွင် သူက ဤကဲ့သို့ ဖော်ပြလိုက်ပါသည်။
ယခုရက်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲရှိ လူမှုရေးအဖွဲ့အစည်းတို့သည် ထိန်းသိမ်းကာကွယ်ရေး အတွေးအခေါ် ပိုမိုရှိလာကြသည်နှင့်အမျှ ပိုမိုများပြားသော လူမှုလောက အင်အားတို့သည် တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးတွင် ပါဝင်လာကြပါသည်။ လက်ရှိအချိန်တွင် မကြာခဏ လာရောက်စောင့်ဆိုင်း ရိုက်ကူးသော သဘာဝဂေဟပတ်ဝန်းကျင်ဓာတ်ပုံဆရာများသည် တရုတ်နိုင်ငံ အောက်ချင်းငှက် တောင်ကြားဒေသ၏ "ကာကွယ်သူများ"ဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့သည် ဓာတ်ပုံရိုက်ကူးရေးဝါသနာရှင်နှင့် ဒေသခံပြည်သူများအား ငှက်များကာကွယ်ရေး အသိပညာပေးလေ့ရှိကြောင်း စွန်ရှောင်ဟုန်က ပြောပြပါသည်။