တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ လှည့်လည်သွားလာနေကြသော အာရှတောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ မူလနေရာသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ဆင်အုပ်စုသည် ဩဂုတ် ၈ ရက် ည ၈ နာရီခန့်က နည်းပညာ၏လမ်းညွှန်ပြသမှုဖြင့် Yuanjiang မြစ်အား ဖြတ်ကူးခဲ့ကြောင်း ၎င်းဆင်များ ရွှေ့ပြောင်းသွားလာမှုအား စောင့်ကြည့်ရေးတာဝန်ခံရုံးချုပ်က ပြောကြားခဲ့သည်။
၎င်းဆင်များသည် မိုးရာသီ၌ မြစ်ရေလယ်ဗယ်မြင့်တက်ခြင်းကြောင့် အကူအညီမပါဘဲ Yuanjiang မြစ်အား ဖြတ်ကူးနိုင်မည်မဟုတ်ကြောင်း၊ ကြိုးပမ်းအားထုတ်မှုများမှာ ၎င်းတို့အိမ်ပြန်လမ်းတွင် ဆင်အုပ်စု ဘေးကင်းစိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရုံးချုပ်က ဆိုသည်။
အဆိုပါ ဆင်အုပ်စုသည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ သဘာဝကြိုးဝိုင်းက ၎င်းတို့၏ မူလသဘာဝအတိုင်းနေထိုင်ရာမှ ထွက်ခွာလာခဲ့သည်မှာ အချိန် ၁၇ လခန့်ရှိပြီဖြစ်သည်။
မိုးသစ်တောတွင် အထင်ကရမျိုးစိတ်ဖြစ်သော အာရှ တောဆင်ရိုင်းများသည် တရုတ်နိုင်ငံ၌ အဆင့်-အေ နိုင်ငံအဆင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိကြောင်း၊ ပိုမို အားကောင်းသော သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်း ကာကွယ်စောင့်ရှောက်မှု ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံရှိ ၎င်းဆင် အရေအတွက်မှာ ကောင်ရေ ၃၀၀ ခန့်ရှိခဲ့ကာ အများစုမှာ ယူနန်ပြည်နယ်၌ ကျင်လည်ကျက်စားလျက်ရှိကြောင်း သိရသည်။ (Xinhua)