၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကတိပြုထားသည့်အတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နိုင်ငံတကာ လူအများသုံးကုန် ဖြစ်အောင် တွန်းအားပေး

2021-08-10 17:56:23 |သတင်းအရင်းအမြစ် CRI

ယခုနှစ် မတ်လက တရုတ်နိုင်ငံသည် ကိုလံဘီယာသို့ ဖြန့်ဖြူးပေးသော တတိယ အသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဘိုဂိုတာမြို့သို့ အရောက်ပို့ဆောင်ခဲ့သည်။ တရုတ် နိုင်ငံတော်သမ္မတရှီကျင့်ဖိန်က ကိုလံဘီယာ သမ္မတ၏ ဖိတ်ကြားချက်အရ ဗီဒီယို မိန့်ခွန်းပြောကြားရာ၌ ကျယ်ပြောလှသော ပစိဖိတ် သမုဒ္ဒရာသည် တရုတ်နှင့် ကိုလံဘီယာ နှစ်နိုင်ငံ ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရေးကို တားမြစ်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။


မေလ၌ ကျင်းပသော ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ရှီကျင့်ဖိန်က တရုတ်ပြည် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ဖေါ်ထုတ်အသုံးပြီုပြီးနောက် နိုင်ငံတကာ လူအများ သုံးကုန်ပစ္စည်းအဖြစ် အသုံးပြုမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက ကာကွယ်ဆေးများကို အသုံးပြုနိုင်ရေးအတွက် အကျိုးပြုစွမ်းဆောင် သွားမည်ဟု ကတိပြု ပြောကြားခဲ့ပါသည်။ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ရာကျော်က တရုတ်ပြည်၏ ကာကွယ်ဆေးများကို အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ၌ တရုတ်ကာကွယ်ဆေး များသည် ၎င်းတို့ ရရှိခဲ့သော ပထမအသုတ် ကာကွယ်ဆေးများ ဖြစ်ပြီး အချိန်မီရွာသောမိုး ဖြစ်သည်ဟု ၎င်းတို့က အမွှမ်းတင် ခေါ်ဝေါ်ကြပါသည်။


မေလ ၂၁ ရက်နေ့က ကျင်းပသော နိုင်ငံတကာ ကျန်းမာရေး ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန်က နိုင်ငံတကာ ကူးစက်ရောဂါကို သွေးစည်းညီညွတ်စွာ တိုက်ဖျက်မှုကို တရုတ်နိုင်ငံက ဆက်လက် အားပေး ထောက်ခံရေးဆိုင်ရာ အဆိုပြုချက်သစ်များကို ကြေညာခဲ့ပါသည်။ ရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ စီးပွားရေး နာလန်ပြန်ထူရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံရန်အတွက် တရုတ်နိုင်ငံသည် လာမည့် သုံးနှစ်အတွင်း နိုင်ငံတကာ ထောက်ပံ့ကူညီမှု အမေရိကန် ဒေါ်လာ သန်း ၃၀၀၀ ကို ပံ့ပိုးပေးမည် အစီအစဉ် အပါအဝင် ဆုံးဖြတ်ချက်များကို ကြေညာ ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။