ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတိုင်းကို မကျန်ရစ်စေ၊ ရောဂါသည်တိုင်းကို လက်မလွှတ်

2021-08-12 17:51:50 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သြဂုတ်လ ၁၂ ရက်နေ့ တွင် “အသင့်အတင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေး- တရုတ် လူ့အခွင့်အရေး လုပ်ငန်းတိုးတက်ရေး ပြောင်မြောက်သော အခန်းကဏ္ဍ”စက္ကူဖြူ စာတမ်းကို ထုတ်ပြန်ပါသည်။

၎င်းစက္ကူဖြူစာတမ်းတွင် ရောဂါသည်များအား အစွမ်းကုန် ကယ်ဆယ်ကုသပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတိုင်းကို မကျန်ရစ်စေကာ ရောဂါသည်တိုင်းကို လက်မလွှတ်ကြောင်း၊ ကယ်ဆယ်ကုသရန် ကုန်ကျစရိတ် အာမခံပေးရေး မူဝါဒကို အချိန်မီ ပြဋ္ဌာန်းပြီး ကုန်ကျစရိတ်ပြဿနာကြောင့် ရောဂါသည်များ၏ ကုသခံယူမှုကို မထိခိုက် စေကာ ကုန်ကျစရိတ်ပြဿနာကြောင့် ဆေးဝါးကုသရေးဌာနများ၏ ကုသပေးမှုကို မထိခိုက်စေကြောင်း၊ သက်သာမှုနှုန်းကို တတ်နိုင်သမျှ မြှင့်တင်ပြီး သေဆုံးမှုနှုန်းကို တတ်နိုင်သမျှ ကျဆင်းအောင် ဆောင်ရွက်ကြောင်း ဖော်ပြပါသည်။