အင်ဒိုနီရှားနိုင်ငံ တည်ထောင်ခဲ့သည့် ၇၆ နှစ်ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ယနေ့ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ တည်ထောင်ခဲ့သည့် ၇၆ နှစ်အတွင်း နိုင်ငံတော် တည်ဆောက်မှုဆိုင်ရာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ စည်ပင်သာယာမှုနှင့် တည်ငြိမ်မှုအတွက် အရေးကြီးသည့် အကျိုးမှု စွမ်းဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း၊ မိမိအနေနှင့် တရုတ်-အင်ဒိုနီးရှား ဆက်ဆံမှုကို လွန်စွာအလေးထားပြီး သမ္မတဂျိုကိုနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို အဆင့်သစ်သို့ ဆက်တိုက် ရောက်ရှိစေရန် ဦးတည်ပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ချမ်းမြေ့သာယာမှုအတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်း ဖော်ပြပါသည်။
ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်ကလည်း အင်ဒိုနီရှားနိုင်ငံ တည်ထောင်ခဲ့သည့် ၇၆ နှစ်ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ အင်ဒိုနီးရှားသမ္မတဂျိုကိုထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။