တစ်နိုင်ငံလုံးအတိုင်းအတာအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုသည် (၁.၉)ဘီလီယံကျော် ရှိပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ခက်ခဲသော ကြိုတင်ကာကွယ်ထိန်းချုပ်မှုရလဒ်များကို ပြတ်ပြတ်သားသား ခိုင်မာအောင် လုပ်ဆောင်ကြောင်း၊ ကာကွယ်ဆေးများသည် ကပ်ရောဂါကို အနိုင်ယူရန် အစွမ်း ထက်မြက်သော လက်နက်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။