၂၀၁၉ ခုနှစ် ကုန်စည်ပြပွဲတစ်နေရာကို တွေ့နေစဥ်။
၂၀၂၁ ခုနှစ် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းပွဲ(အောက်တွင် စီးပွားရေးညှိနှိုင်းပွဲဟု အတိုချုံးခေါ်ဝေါ်ပါမည်)အား အွန်လိုင်းတွင် သြဂုတ်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။
ယခုအကြိမ်စီးပွားရေးညှိနှိုင်းပွဲသည် 《ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု》(RCEP)ချုပ်ဆိုခြင်း နှင့် တရုတ်-လာအိုမီးရထားလမ်း စတင်ပြေးဆွဲမည့်အခွင့်အလမ်းကို ယူ၍ RCEP စည်းမျဉ်းနှင့်စံနှုန်းကို တက်ကြွ စွာ ချိတ်ဆက်မည်ဖြစ်ပါသည်။ “နယ်စပ်တစ်လျှောက်”နှင့် “နိုင်ငံဖြတ်ကျော်”စလျင်း၍ ထူးခြားချက်များကို ပိုမိုသိသာစေပြီး တောင်အာရှ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာဒေသ၏ ပူးပေါင်းဆောင်ရွက်ရေးကို အဆက်မပြတ် တွန်းတင်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် သက်ဆိုင်ရာနယ်ပယ်များ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ပါသည်။
ယခုနှစ်စီးပွားရေးညှိနှိုင်းပွဲကိုလည်း အွန်လိုင်းဖြင့် ပြောင်းလဲကျင်းပပြီး တောင်ပိုင်းကုန်စည်ပြပွဲကို ဒစ်ဂျစ်တယ်စင်မြင့်တွင် ပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ အွန်လိုင်းတွင် ပြပွဲခန်းမစုစုပေါင်း (၆)ခုပါရှိသည်။ ၎င်းတို့မှာ အစိမ်းရောင်စွမ်းအင်ပြခန်း၊ ကျန်းမာစွာနေထိုင်မှုပြခန်း၊ အစိမ်းရောင်စားသောက်ကုန်ပြခန်း၊ ပြည်တွင်းပြည်နယ်နှင့်မြို့ပြများပြခန်း၊ နိုင်ငံတကာပြခန်း၊ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးပြခန်းတို့ဖြစ်ပါသည်။ နိုင်ငံတကာပြခန်းတွင် တောင်အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာကမ်းခြေဒေသ၊ အခြားနိုင်ငံ၊ တရုတ်နိုင်ငံ ဟောင်ကောင်နှင့် မကာအိုဒေသ စသည့် ပြသဇုန်(၅)ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးပြခန်းတွင် ပြသဇုန်(၄)ခုရှိပါသည်။