【COP15】အောက်ချင်းငှက်ကယ်တင်ရေးမှတ်တမ်းတွင် အကောင်းဆုံးအဆုံးသတ်

2021-08-27 18:54:09 |သတင်းအရင်းအမြစ် 海外网

“ခင်ပွန်းတစ်ဦး ဇနီးတစ်ဦး သိစ္စာရှိရှိ စောင့်ထိန်းခြင်း” ကျင့်ဝတ်ကြောင့် အောက်ချင်းငှက်များအား “ချစ်ခြင်းမေတ္တာငှက်”ဟု လူမှုအဖွဲ့အစည်းမှ ဂုဏ်ပြုခေါ်ဝေါ်ကြပါသည်။ ဒဏ္ဍာရီအရ အောက်ချင်းငှက် တစ်ကောင် သေဆုံးသွားလျှင် နောက်တစ်ကောင်ကလည်း တစ်ကောင်တည်း မနေနိုင်တော့ပေ။ ဤကဲ့သို့ ကံဆိုးမိုးမှောင်ကျသည်ကို တကယ်ကြုံတွေ့လျှင် ကျွန်တော်တို့ တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ပေးသူများ အနေဖြင့် မည်သို့ဖြေရှင်းသင့်မည်နည်း။ လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ သစ်တောရေးရာ လုပ်ငန်း ကာကွယ်ထိန်းသိမ်းရေးဦးစီးဌာန ယခင်က ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ငှက်ရှုစားခြင်းပါရဂူ ချန်ကျိန်ဝိန်က ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင်တွင် တရုတ်နိုင်ငံ အောက်ချင်းငှက် တောင်ကြား ဒေသတွင် စာဖတ်ပရိသတ်များအား မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရသော “ချစ်ခြင်းမေတ္တာ ပုံပြင်”များကို တင်ဆက်ပြောပြခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် ဒေသခံရွာသူရွာသားများသည် ထုံးဖီကွမ်သဘာဝဘေးမဲ့ဇုန်အနီးရှိ ကားလမ်းပေါ်တွင် သေဆုံးသွားသည့် Great Hornbill အောက်ချင်းငှက်အထီးတစ်ကောင်ကို တွေ့ရှိ ခဲ့ပါသည်။ သစ်တော၊ မီးသတ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနနှင့် ငှက်အမျိုးအစားဆိုင်ရာ ကျွမ်းကျင် ပါရဂူတို့သည် အသီးသီး ရောက်ရှိလာကြသည်။ ယင်းအောက်ချင်းငှက်အထီး၏ “ဇနီးဖြစ်သူ” အောက်ချင်းငှက်အမကို ကယ်တင်ခြင်းသည် ရောက်ရှိလာသည့် ဌာနတိုင်းနှင့် ပါရဂူတိုင်း၏ အလိုအလျောက် တုံ့ပြန်မှုဖြစ်ပါသည်။ သို့သော်လည်း၊ အပြည်ပြည်ဆိုင်ရာ အောက်ချင်းငှက်ပါရဂူများက ယင်းသတင်းအကြောင်းအရာကို သိရှိသည်နှင့် ဖြေရှင်းပေးသည့်နည်းလမ်း ဘာမှ မစဉ်းစားနိုင်ခဲ့ပေ။

“ဘာဖြစ်လို့ မကယ်တင်ပေးသေးသနည်း”ဟု တတိယနေ့ရောက်သည့်အခါတွင် ရင်ကျန်းခရိုင် ငှက်ရှုစားခြင်းအသင်း တာဝန်ရှိသူ ပန်တင်ရင်က စိုးရိမ်စွာဖြင့် ပြောလိုက်ပါသည်။ မွေးဖွားပြီးကာစတွင် အောက်ချင်းငှက်အမ၏ အမွေးဖြတ်တောက်ခြင်း ဖြစ်ပေါ်တတ်သည်။ ၎င်း၏ အမွေးများစွာ ဖြတ်တောက်လျှင် အပြင်သို့ အစာမရှာနိုင်တော့ဘဲ သေဖို့သာ စောင့်ရမည် ဖြစ်ပါသည်။ အကောင်းဆုံးကယ်တင်ရေးနည်းလမ်း ရှာမတွေ့ခင် အန္တရာယ်အတွက် အမိန့်ပေးခံရသည့် ဒေသခံ လီဆူးတိုင်းရင်းသား၊ ဂျိမ်းဖောတိုင်းရင်းသား အမျိုးသားနှစ်ဦးက ငှက်ကိုကယ်တင်ရန် သစ်ပင်ပေါ်တက်လိုက်ကြပါသည်။ လုံခြုံရေးခါးပတ် ချည်နှောင်ထားပြီး “လှုပ်ရှားမှုရှိနေပါတယ်”ဟု ရုတ်တရက် အော်လိုက်ပါသည်။

အောက်ချင်းငှက်အမ အသက်ရှင်နေဆဲဖြစ်သည်။ ချန်ကျိန်ဝိန်၊ ပန်တင်ရင်အစရှိသူများက အလွန် ဝမ်းသာဝမ်းမြောက်ဖြစ်ပါသည်။ သို့သော်လည်း ယင်းအောက်ချင်းငှက် အလွန်အားနည်းသည်ကို အားလုံးတို့ တွေ့ရှိလိုက်ပါသည်။ ၎င်းငှက်ကို ယူဆောင်လာပြီး လူတို့က ကျွေးမွေးမလား၊ သို့မဟုတ် သစ်ပင်ပေါ်တွင် အစာများကို တင်ထားပြီး ကျွေးမွေးမလား။ အားလုံးက ၎င်းမေးခွန်းများအား ငြင်းခုန်ဖွယ် ဖြစ်နေကြပါသည်။ တောရိုင်းအောက်ချင်းငှက်များအား လူဖြင့် ကျွေးမွေးလျှင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်တတ်ကြောင်း၊ မည်ကဲ့သို့ တောရိုင်းဒေသသို့ ပြန်လည်လွှတ်ပေးခြင်း၊ ပျံသန်းမှုလေ့ကျင့်ပေးခြင်း စသည်တို့အပေါ် အတုယူနိုင်သည့် အတွေ့အကြုံမရှိချေ၊ အနည်းငယ် သတိလက်လွတ်ဖြစ်ခြင်းသည် ၎င်း၏လွတ်လပ်စွာ ရှင်သန်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။

လွတ်လွတ်လပ်လပ်ရှင်သန်နိုင်မှုသည် တောရိုင်းတိရစ္ဆာန်များအတွက် အရေးအပါဆုံးဖြစ်သည်ဟု တောရိုင်းဒေသတွင် တောရိုင်းတိရစ္ဆာန် အမြဲတမ်း စူးစမ်းလေ့လာသူများအားလုံး သိရှိကြပါသည်။ လက်ရှိအချိန်တွင် အကောင်းဆုံးနည်းလမ်းမှာ စောင့်ဆိုင်းရမည်ဖြစ်သည်ဟု အားလုံးက သဘောတူကြပါသည်။ နောက်နှစ်ရက် အကဲဖြတ်ပြီးနောက် အားလုံးက စိတ်မပူတော့ပေ။ သစ်ပင်ပေါ်တွင် အောက်ချင်းငှက်အထီးမှ ကျွေးမွေးပေးရန် အေးအေးဆေးဆေး စောင့်ဆိုင်းသည့် အောက်ချင်းငှက်အမက အားနည်းသေးသော်လည်း ရှင်သန်နိုင်ရန် ပင်ကိုယ်ဗီဇအောက်တွင် ဘေးနားတွင် တစ်ကောင်တည်း အစာသွားရှာခဲ့ပါသည်။ တဖြည်းဖြည်းချင်း သက်သာလာပါပြီဖြစ်ပါသည်။


“ငှက်များ၏ အသက်ရှင်သန်မှုနှင့် မွေးမြူရေးမှာ လူသားတို့၏ စိတ်ကူးအတိုင်းမဟုတ်ဘဲ သဘာဝနိယာမများအတိုင်း ကျင့်သုံးရမည်”ဟု ချန်ကျိန်ဝိန်ကပြောပြပါသည်။ သဘာဝတရား၌ မဆန့်ကျင်နိုင်သော ထာဝရဥပဒေများရှိသည့်အတွက် ကျွန်တော်တို့သည် တိရစ္ဆာန်ထိန်းသိမ်း ကာကွယ်ရေးတွင် ကုလသမဂ္ဂကထောက်ခံသည့် “သဘာဝအခြေခံသည့် ဖြေရှင်းနည်းလမ်း” ရှာဖွေသင့်ကြောင်း သူက ဆက်လက် တွေးမိလိုက်ပါသည်။ ငြင်းခုံပြီးနောက်၊ သူတို့သည် တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး၏ အတွေးအခေါ် ပိုပြီး ရှင်းလင်းလာပါပြီဖြစ်သည်။ လူသားတို့သည် တောရိုင်းတိရစ္ဆာန်များအပေါ် သာယာလှပသော မျှော်လင့်ချက်နှင့် လိုအင်ဆန္ဒ အမျိုးမျိုးရှိနိုင်ပါသည်။ တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးတွင် စေတနာကမူ သဘာဝနိယာမတွေကို မကျော်လွှားနိုင်ပေ။