မကြာခင် ကျင်းပမည့် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် VR မျက်မှန်ဖြင့် ကမ္ဘာကြီးကို ကြည့်ရှုခံစားခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့် လယ်ယာစိုက်ပျိုးရေးပြုလုပ်ခြင်းစသည့် သိပွံနည်းပညာများကို ပြသမည်ဖြစ်ပါသည်။ ၎င်းကုန်စည်ပြပွဲသည် ယင်းဆန်းသစ်တီထွင်သော နည်းပညာဖြင့် တရုတ်-အာဆီယံ လေးနက်သော ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ရသမြောက်စွာ ပြသနိုင်မည် ဖြစ်ပါသည်။
၁၈ ကြိမ်မြောက် အာဆီယံကုန်စည်ပြပွဲတွင် တရုတ်-အာဆီယံနည်းပညာလွှဲပြောင်းပေးအပ်မှုနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးနှင့် အဆင့်မြင့် နည်းပညာပြပွဲ စသည်တို့ကို ကျင်းပမည့်အပြင် တရုတ်-အာဆီယံ ဒီဂျစ်တယ် ပိုးလမ်းမကြီး ထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံ intelligent ထိပ်သီးအစည်းအဝေးများကိုလည်း ကျင်းပမည်ဖြစ်ပြီး တရုတ်-အာဆီယံ သတင်းအချက်အလက်လုပ်ငန်း တည်ဆောက်ရန် တွန်းအားပေးမည် ဖြစ်ပါသည်။
သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုသည် တရုတ်-အာဆီယံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး တိုးတက်ရန် တွန်းအားပေးနေပါသည်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ယဉ်ဟုန်ပင်က ယခုနှစ် ဇွန်လ လကုန်အထိ တရုတ်နှင့်အာဆီယံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၃၁၀ ဘီလီယံကျော်ရှိကြောင်း၊ အဆင့်မြင့်နည်းပညာ၊ ဒီဂျစ်တယ်စီးပွားရေး၊ မြစိမ်းရောင်စီးပွားရေးစသည့် ထွန်းသစ်စ နယ်ပယ်များကသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စရာ နယ်ပယ်သစ်များ ဖြစ်လာကြောင်း အသစ်များ ဖော်ပြခဲ့ပါသည်။(CRI Myanmar)