အရွယ်မရောက်သေးသူများ အွန်လိုင်းဂိမ်းကစားခြင်းကို တင်းကျပ်စွာ တားမြစ်

2021-08-31 17:50:15 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ အမျိုးသားစာနယ်ဇင်းနှင့် ထုတ်ဝေရေး ဦးစီးဌာနသည် အရွယ်မရောက်သေးသူများ အွန်လိုင်းဂိမ်းကစားခြင်းအား ထိရောက်စွာ ကာကွယ်တားမြစ်ခြင်းဆိုင်ရာ သတိပေးချက်အား ထုတ်ပြန် ခဲ့သည်။

အဆိုပါ သတိပေးချက်တွင် အရွယ်မရောက်သေးသူများအား အွန်လိုင်းဂိမ်း ဝန်ဆောင်မှုပေးသည့်အချိန်ကို တင်းကျပ်စွာ ကန့်သတ်ထားပြီး အွန်လိုင်းဂိမ်း ကုမ္ပဏီများအားလုံးသည် အရွယ်မရောက်သေးသူများအတွက် သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့နှင့် တရားဝင်ရုံးပိတ်ရက်များတွင်သာ နေ့စဉ် ည ၈ နာရီမှ ၉ နာရီထိ အချိန်တစ်နာရီ အွန်လိုင်းဂိမ်းဝန်ဆောင်မှုပေးနိုင်ပြီး အခြားအချိန်တွင် အရွယ်မရောက်သေးသူများကို မည်သည့်ပုံစံဖြင့်မဆို အွန်လိုင်းဂိမ်းဝန်ဆောင်မှု မပေးရန် သတ်မှတ်ထားသည်။ အွန်လိုင်းဂိမ်းကစားသူများ၏ အမည်စာရင်း မှတ်ပုံတင်ခြင်းစနစ်ကို တင်းကျပ်စွာ ကျင့်သုံးပြီး မည်သည့်ပုံစံဖြင့်မဆို မှတ်ပုံတင်ထားခြင်း မရှိသော အသုံးပြုသူများအား ဂိမ်းဝန်ဆောင်မှုများ မပေးဘဲ အရွယ်မရောက်သေးသူများ၏ ကျန်းမာကြီးထွားမှုအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးရန် မိသားစုများ၊ ကျောင်းများနှင့် လူ့အဖွဲ့အစည်းက တက်ကြွစွာလမ်းညွှန်၍ အတူတကွပါဝင်ပြီး အရွယ်မရောက် သေးသူများကို ဥပဒေနှင့်အညီ အုပ်ထိန်းမှုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရပါသည်။