တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော နေအိမ်အာမခံစနစ်ကို တည်ဆောက် ပြီးစီး

2021-09-01 15:35:56 |သတင်းအရင်းအမြစ် CRI

သြဂုတ်လ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ အိမ်ရာနှင့်မြို့ပြကျေးလက်ဒေသ တည်ဆောက်ရေးဝန်ကြီးဌာနဝန်ကြီး ဝမ်မွန်ဟွေးက တရုတ်နိုင်ငံ၏ နေအိမ်တည်ဆောက်မှုတွင် ကြီးမားသောအောင်မြင်မှု ရရှိခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံးသော နေအိမ်အာမခံစနစ်ကို တည်ဆောက်ပြီးစီးကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြို့ပြပြည်သူများ၏ ပျမ်းမျှနေအိမ်တည်ဆောက်ဧရိယာမှာ (၃၉.၈) စတုရန်းမီတာဖြစ်ပြီး ကျေးလက်ပြည်သူများ၏ ပျမ်းမျှနေအိမ်တည်ဆောက်ဧရိယာမှာ (၄၈.၉) စတုရန်းမီတာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နေအိမ်အာမခံစနစ်ကို ပိုမိုပြည့်စုံကောင်းမွန်စေပြီး ဆင်းရဲသူဆင်းရဲသားများ အာမခံနေအိမ်နှင့် ပြုပြင်မွမ်းမံပြီး နေအိမ် စုစုပေါင်း အလုံးရေသန်း (၈၀) ကျော်ကို တည်ဆောက်ခဲ့ပြီး ဆင်းရဲသူဆင်းရဲသား သန်း(၂၀၀)ကျော်၏ နေအိမ်အခြေအနေကို ကောင်းမွန် တိုးတက်စေရန် ကူညီပေးခဲ့ကြောင်း ပြောကြားပါသည်။(CRI Myanmar)