သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းသော အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံး(၅၀၀)သည် မန္တလေးမြို့သို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ရောက်ရှိပြီး မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် (၂.၅) သန်းခန့် ဖြစ်ပါသည်။
图片来自:中华人民共和国驻缅甸联邦共和国大使馆
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာချိန်ကတည်းက မြန်မာနိုင်ငံတွင် အခက်အခဲကြုံတွေ့နေချိန်၌ တရုတ်နိုင်ငံမှ နည်းလမ်းရှာ၍ အကူအညီများ ပံ့ပိုးပေးခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းစသည့် ပစ္စည်းအမြောက်အများ လှူဒါန်းပေးခဲ့ပြီး နယ်စပ်မှ ကုန်ပစ္စည်း ရှင်းလင်းဖြတ်သန်းရေး အထူးလမ်းကြောင်းကို ဖွင့်လှစ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ခိုင်မာအားကောင်းသည့် ကူညီပေးခဲ့ကြောင်း သိရပါသည်။
图片来自:中华人民共和国驻缅甸联邦共和国大使馆