တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် ဆန်ကို့ရှောင်သည် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့

2021-09-01 18:36:58 |သတင်းအရင်းအမြစ် 中华人民共和国驻缅甸联邦共和国大使馆

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးသံတမန် ဆန်ကို့ရှောင်သည် သြဂုတ်လ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်များကို ဖလှယ်ခဲ့ကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းကပြောကြားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်၍ တရုတ်နိုင်ငံ၏ ပေါက်ဖော်မူဝါဒသည် မြန်မာပြည်သူပြည်သားအားလုံးအတွက် ရည်ရွယ်ထားရှိကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်မှ နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှု မှတဆင့် ဆီလျော်သော အဖြေတစ်ရပ်ကို ရှာဖွေကြရမည် ဖြစ်သည်ဟု မိမိတို့ မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် တရုတ်က မြန်မာကို ထောက်ခံကြောင်း၊ လွန်ကဲသော ပြင်ပကြားဝင် စွက်ဖက်မှုကို မိမိတို့ ဆန့်ကျင်ပြီး လူမှုရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ကူးပြောင်းမှု တို့အား စောစီးစွာ ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင် သောကဏ္ဍမှ ပါဝင်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကူးစက်ရောဂါ တိုက်ဖျက်ရေး အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း မြန်မာဘက်က ပြောကြားခဲ့ပြီး ပြည်တွင်းနိုင်ငံရေး နောက်ဆုံး အခြေအနေကို ပြောကြားခဲ့ကာ တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ကိုဗစ်-၁၉ တိုက်ဖျက်ရန်၊ စီးပွားရေး ပြန်လည်အားကောင်းလာစေရန်နှင့် ပြည်သူတို့၏ စားဝတ်နေရေးကို မြှင့်တင်ရန် အလေးပေးပြောကြားခဲ့သည့်အပြင် တရုတ်နှင့် အာဆီယံကဲ့သို့သော ချစ်ကြည်ရင်းနှီးသော နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်အတူ အနီးကပ်ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။