တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံ ထျန်ကျင်းမြို့၌ တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲသို့ တက်ရောက်နေသော အမေရိကန် သမ္မတ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ကယ်ရီနှင့် ချိန်းထားသည့်အတိုင်း စက်တင်ဘာလ ၁ ရက်နေ့က ဗီဒီယိုဖြင့် တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ယခုနှစ်ပိုင်းတွင် အမေရိကန်ဘက်မှ တရုတ်အပေါ် အရေးကြီး မဟာဗျူဟာကို မူတည်ပြီး မှားယွင်းသော အကဲဖြတ်မှုကို ပြုလုပ်ခဲ့သောကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် တမဟုတ်ချင်း လှည့်ပြောင်းသွား၍ ဆိုးရွားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ အမေရိကန်ဘက်သည် တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုနှင့် ပြိုင်ဘက်အဖြစ် သဘောထားမှုကို ရပ်စဲပြီး တစ်ကမ္ဘာလုံး၌ တရုတ်နိုင်ငံကို ဖိနှိပ်မှုကို ရပ်စဲသင့်ကြောင်း ဝမ်ယိက ပြောပါသည်။
တရုတ်၊အမေရိကန်တို့သည် နိုင်ငံကြီး ၂ နိုင်ငံဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ခုတည်းသော မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်ဖက်၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် လူသားတစ်ရပ်လုံး အတွက်လည်း အကျိုးပြုစွမ်းဆောင်နိုင်ကာ ကျယ်ပြန့်သော ဖွံ့ဖြိုးရေး ရှေ့အလားအလာရှိကြောင်း ဝမ်ယိက ဆက်လက် ပြောပါသည်။
ကယ်ရီက အမေရိကန်၊ တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်ရေးသည် လက်ရှိ တင်းမာနေသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရန်အတွက် အရေးကြီးကြောင်း၊ အမေရိကန်ဘက်သည် တရုတ်ဘက်နှင့် အပြန်အလှန် လေးစားပြီး အားဖြည့် ကူးလူးဖလှယ်ကာ “ပါရီသဘောတူစာချုပ်” ပန်းတိုင် အကောင်အထည်ဖော်မှုကို တွန်းအားပေးရန် စံနမူနာကို စိုက်ထူ၍ အမေရိကန်၊ တရုတ်ဆက်ဆံရေးတွင် ရင်ဆိုင်နေရသော အခက်အခဲပြဿနာကို ဖြေရှင်းရန် အတွက်လည်း အခွင့်ကောင်း ဖန်တီးပေးလိုကြောင်း ပြောကြားပါသည်။