စက်တင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ဇာစ်မြစ်ရှာဖွေဖော်ထုတ်မှုကို နိုင်ငံရေး အဆင့်သို့ ထားရှိခြင်းအား ဆန့်ကျင်သော သတင်းအား ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မူကွဲအသစ်များသည် ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသောကြောင့် နိုင်ငံများအသီးသီးသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရပါသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်မှုသည် အရေးကြီးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်သည့် နိုင်ငံများအနေဖြင့် ယင်းတို့ကဲ့သို့ ထုတ်လုပ်နိုင်ခြင်း မရှိသော အခြားနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား ကာကွယ်ဆေးများ ရောင်းချခြင်း၊ ထောက်ပံ့ခြင်းနှင့် ထုတ်လုပ်နိုင်ရန် ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသည်။
ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်ဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်ရာတွင်လည်း ရောဂါကို ကာကွယ်ကုသနိုင်ရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ သိပ္ပံနည်းလမ်းတကျသာ ဆောင်ရွက်သင့်ပြီး ယင်းကိစ္စကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အခြားနိုင်ငံများကို စွပ်စွဲပြစ်တင်ခြင်း၊ နိုင်ငံရေးအရ ဖိအားပေးဆောင်ရွက်မှုများကို မပြုလုပ်သင့်ပါကြောင်း ဖော်ပြအပ်ပါသည်။