စက်တင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ ဒေသအမြောက်အများမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများနှင့် မူကြိုကျောင်းများသည် ကျောင်းပြန်ဖွင့်ကြကြောင်း၊ တစ်ချိန်တည်းတွင် ဂျပန်၊ မက္ကဆီကိုနှင့် ဆွစ်ဇာလန် စသောနိုင်ငံများတွင်လည်း ကျောင်းဖွင့်ကာလ ရောက်ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်နေဆဲအခြေအနေတွင် ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးသည် ယင်းနိုင်ငံများအတွက် စာသင်နှစ်သစ်တွင် ရင်ဆိုင်ရသော အရေးအကြီးဆုံးသော ကိစ္စဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။(CRI Myanmar)