
2021-09-06 17:23:12 |သတင်းအရင်းအမြစ် CRI

ယခုလ ၆ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေး Big Data နိုင်ငံတကာသုတေသနစင်တာ တည်ထောင်ရေး အစည်းအဝေး နှင့် ၂၀၂၁ ခုနှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး Big Data နိုင်ငံတကာဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး Big Data နိုင်ငံတကာသုတေသန စင်တာ ထားရှိခြင်းသည် မိမိက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကြေညာ ထားသည့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ဖေါ်ဆောင်ရေးကို ထောက်ခံသော အရေးကြီးဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ယခု တစ်ကမ္ဘာလုံးသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထိခိုက် ဂယက်ရိုက်ခတ်မှုကို ခံနေရပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ခြင်းနှင့် Big Data အသုံးပြုခြင်းသည် နိုင်ငံတကာ မိသားစုကြီးက အခက်အခဲကို ကျော်လွှားပြီး တစ်ကမ္ဘာလုံး၌ ၂၀၃၀ ပြည့်နှစ် အစီအစဉ် ဖေါ်ဆောင်ရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း ဖေါ်ပြပါသည်။

ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး Big Data နိုင်ငံတကာသုတေသန စင်တာ တည်ထောင်ရေးအစည်းအဝေးနှင့် ၂၀၂၁ ခုနှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး Big Data နိုင်ငံတကာဖိုရမ်ကို ၆ ရက်နေ့က ပေကျင်းမြို့၌ ကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။