တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုသည် (၂.၁) ဘီလီယံကျော်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ကာကွယ်ထိန်းချုပ်မှုအစီအမံအမျိုးမျိုးကို တင်းကျပ်စွာ အကောင်အထည်ဖော်ပြီး ခက်ခဲသော ကြိုတင်ကာကွယ်ထိန်းချုပ်မှုရလဒ်များကို ပြတ်ပြတ်သားသား ခိုင်မာအောင် လုပ်ဆောင်ကြောင်း၊ လူတစ်ဦးချင်း ကာကွယ်ထိန်းချုပ်မှု ဆက်လက်လုပ်ဆောင် သင့်ကြောင်း၊ နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ လူများသော နေရာကို ရှောင်ခြင်းစသည်တို့ကို လိုက်နာသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုပါသည်။