မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းသော အခမ်းအနားကို ဝမ်တိန်နယ်စပ်ဂိတ်၌ ကျင်းပခဲ့

2021-09-07 11:59:34 |သတင်းအရင်းအမြစ် 德宏团结报

စက်တင်ဘာလ ၅ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် အစည်းအဝေးယန္တရားမှ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းသော အခမ်းအနားကို တယ်ဟုံပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်၌ ကျင်းပခဲ့သည်။ အခမ်းအနား ကျင်းပပြီးနောက် အဆိုပါ တရုတ်ယွမ် (၂.၉၆၅)သန်း တန်ဖိုးရှိသော ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများကို ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် မြန်မာပြည်သို့ ပို့ဆောင်ခဲ့ကြောင်း သိပါသည်။

အဆိုပါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများတွင် ခွဲစိတ်ခန်းသုံးလက်အိတ်၊ N95 နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးဝတ်စုံ၊ ဖိနပ်ကာဗာ၊ ခွဲစိတ်ခန်းသုံးအကျ၊ ခွဲစိတ်ခန်းသုံးဦးထုပ်၊ ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်း၊ လျင်မြန်သော ဓာတ်ခွဲစစ်ဆေးခြင်း ကိရိယာများ၊ အောက်ဆီဂျင်စက်၊ ပိုးသတ်ဆေးဂျယ်၊ ‌မျက်နှာဖုံး၊ ကျန်းမာရေးဆိုင်ရာ အမှိုက်အိတ်၊ သာမိုပုံရိပ်ဖမ်းတိုင်းတာခြင်းကိရိယာ အစရှိသည့် ပစ္စည်း (၁၆)မျိုး ပါဝင်ကြောင်း သိရပါသည်။

အဆိုပါလှူဒါန်းခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အချင်းချင်း ကူညီစောင့်‌ရှောက်ရေးနှင့် ကူးစက်ရောဂါကို အတူတကွ လက်တွဲတိုက်ဖျက်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား ထင်ဟပ်ပြသနေကြောင်း၊ နှစ်ဦးနှစ်ဖက်သည် ကူးစက်ရောဂါကာကွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအားဖြင့် နှစ်နိုင်ငံအကြားရှိ ရိုးရာချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း သိရပါသည်။