တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS ထိပ်သီးအစည်းအဝေးအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်

2021-09-08 18:44:24 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ ဖိန်ကြားချက်အရ စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က စက်တင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများပါဝင်သော ထွန်းသစ်စဈေးကွက်နိုင်ငံများအုပ်စုအဖြစ် အတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်သည်။ (Xinhua)