
2021-09-09 18:08:18 |သတင်းအရင်းအမြစ် 新华网

စက်တင်ဘာလ ၇ ရက်နေ့တွင် တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အချက်အလက်များထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၈ လတွင် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန် ကုန်သွယ်မှု စုစုပေါင်း ယွမ် (၂၄.၇၈) ထရီလီယံသို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂၃.၇) ရာခိုင်နှုန်း တိုးတက်လာကာ ၂၀၁၉ ခုနှစ် အလားတူကာလထက် (၂၂.၈) ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုသည် ၁၅ လ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်သည်။

ကုန်သွယ်ဖက်များ၏ရှုထောင့်မှကြည့်လျှင် အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ ယခုနှစ် ပထမ ၈ လတွင် တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်မှု စုစုပေါင်း ယွမ် (၃.၅၉) ထရီလီယံရှိခဲ့ပြီး (၂၂.၈) ရာခိုင်နှုန်းတိုးတက်လာကာ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ (၁၄.၅) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရပါသည်။