ဆောင်းဦးရာသီပွဲတော်သည် နှစ်စဉ် တရုတ်ပြက္ခဒိန်၏ အဋ္ဌမလ ၁၅ ရက်နေ့ တွင် ကျင်းပသော တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ရှေးခေတ်ကတည်းက တရုတ်လူမျိုးများသည် ဆောင်းဦးရာသီပွဲတော်တွင် လကြည့်ခြင်း၊ လမုန့် စားခြင်းနှင့် မီးအိမ်များကစားခြင်းစသည့် ရိုးရာဓလေ့များရှိပါသည်။ ဆောင်းဦး ရာသီပွဲတော်ညတွင် လသည် အများအားဖြင့် ကြီးမားလုံးဝန်းသော ကြောင့် တရုတ်လူမျိုးများသည် ဆောင်းဦးရာသီပွဲတော်ကို ပြန်လည်ဆုံစည်းခြင်း ပွဲတော်ဟု ခေါ်လေ့ရှိသည်။
ယခုလ ၂၁ ရက်နေ့တွင် ဆောင်းဦးရာသီပွဲတော်ဖြစ်သဖြင့် ယခုအခါ အများပြည်သူတို့သည် လမုန့်များကို ပိုမိုအာရုံစိုက်လာကြပါသည်။ ယူနန် ဈေးကွက်တွင် စူပါမားကတ်အသီးသီး၌ လမုန့် အမြောက်အများ ရောင်းချလျက်ရှိသည်။ တချို့ကုမ္ပဏီများသည် ရေချိုကျောက်ပုစွန်ဆီချက်၊ ငှက်သိုက်၊ ကြက်သွန်ဖြူ ငါးပိစသည့် အရသာအသစ်လမုန့်များကို စတင်ရောင်းချသော်လည်း နာမည်ကျော် ယူနန် ဝက်ပေါင်ခြောက်လမုန့်နှင့် ပန်းပွင့်လမုန့်ကဲ့သို့သော အမှတ်တံဆိပ်ဟောင်း လမုန့်များသည် လူကြိုက် အများဆုံးသော လမုန့်ဖြစ်ပါသည်။ အဆွေတို့အနေဖြင့် မည်သည့်လမုန့်မျိုးကို ကြိုက်နှစ်သက်ပါသလဲ။