တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Delta ပိုး၏ Inactivated ကာကွယ်ဆေးဆိုင်ရာ လက်တွေ့ဆေးကုသရေးမတိုင်မီ သုတေသနပြုခြင်းကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း၊ ထို့အတူ ကာကွယ်ဆေးသုတေသနဌာနများသည် Beta နှင့် Delta ပိုးတို့၏ adenovirus vector ကာကွယ်ဆေး၊ nucleic acid ကာကွယ်ဆေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းအရ သိရပါသည်။