ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထပ်မံလှူဒါန်းထောက်ပံ့မည်

2021-09-10 16:03:17 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် အွန်လိုင်းဗီဒီယိုနည်းလမ်းဖြင့် ကျင်းပသည့် ၁၃ ကြိမ်မြောက် BRICS နိုင်ငံများမှ အကြီးအကဲများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုထိ နိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကုန်ကြမ်း(COVID-19 vaccine stock solution )အလုံးပေါင်း ၁ ဘီလီယံကို ထောက်ပံ့ခဲ့ကြောင်း၊ ယခုနှစ် တစ်နှစ်လုံးတွင် နိုင်ငံတကာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံကို ထောက်ပံ့နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်မှ ပြောကြားခဲ့ပါသည်။ “COVAX စီမံကိန်းအတွက် ဒေါ်လာ သန်း ၁၀၀ ကို လှူဒါန်းထောက်ပံ့သည့်အပြင်၊ ယခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကို အခမဲ့ ထပ်မံလှူဒါန်းပေးမည်”ဟုလည်း သမ္မတရှီကျင့်ဖိန်မှ ကြေညာခဲ့ပါသည်။